
ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူး ဦးစိုးမင်းထိုက်နှင့် ဝန်ထမ်းများသည် ၂၀၂၆ခုနှစ်၊ ဧပြီလ (၂၀)ရက်နေ့၊ နံနက် (၁၁: ၀၀)နာရီအချိန်တွင် ဖျာပုံမြို့ (၅)လမ်းရှိ “မယ်သီ” ဆိတ်သားခြောက်နှင့် စားသောက်ကုန်လုပ်ငန်းအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် ခရိုင်ဦးစီးမှူးက “မယ်သီ” ဆိတ်သားခြောက်နှင့် စားသောက်ကုန်လုပ်ငန်းမှ ထုတ်လုပ်သော ကုန်ပစ္စည်းများ ဈေးကွက်မရောက်မီ ထုတ်ကုန် လုံခြုံစိတ်ချရမှုရှိစေရေး၊ ထုတ်လုပ်သောကုန်စည်များနှင့် ပတ်သက်၍ စားသုံးသူကာကွယ်ရေး ဥပဒေပုဒ်မ(၄၁)(၄၃)အရ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များ၊ စားသုံးသူစိတ်ကျေနပ်မှုရရှိစေရေး၊ ပတ်ဝန်းကျင်သန့်ရှင်းမှုရှိစေရေး၊ ဈေးနှုန်းဈေးကွက်အခြေအနေနှင့် ထုတ်ကုန်လုံခြုံ စိတ်ချရမှုရှိစေရေးအတွက် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)
