မြန်မာနိုင်ငံစက်သုံးဆီတင်သွင်း/ သိုလှောင်/ ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီမှ စက်သုံးဆီ ရည်ညွှန်းစျေးနှုန်းများအား နေ့စဉ်ထုတ်ပြန်ပေးလျှက်ရှိပါသည်။
မကွေးမြို့ပေါ်ရှိ စက်သုံးဆီဆိုင်(၂၁)ဆိုင်မှာ ပုံမှန်ဆိုင်ဖွင့်ရောင်းချလျက်ရှိကြပြီး ၂၀၂၂ခုနှစ် ၊ ဒီဇင်ဘာလ ပထမပတ်နှင့် ဒုတိယပတ်အတွင်း စက်သုံးဆီစျေးနှုန်းများမှာ ဒီဇယ်(ရိုးရိုး) (၁)လီတာ လျှင် ယခင်အပတ်တွင်ကျပ်(၂၄၇၀)ဖြစ်ပြီး၊ ယခုအပတ်တွင်ကျပ်(၂၄၀၅)ဖြစ်၍ ကျပ်(၆၅၀) စျေးလျော့ကျခဲ့ကြောင်း၊ ဒီဇယ်(ပရီမီယမ်) (၁)လီတာလျှင် ယခင်အပတ်တွင် ကျပ်(၂၅၄၅)ဖြစ်ပြီး၊ ယခုအပတ်တွင် ကျပ်(၂၄၈၀)ဖြစ်၍ ကျပ်(၆၅)ဈေးလျော့ကျခဲ့ကြောင်း၊ ဓါတ်ဆီ(92) (၁)လီတာလျှင် ယခင်အပတ်တွင်ကျပ်(၂၀၄၀)ဖြစ်ပြီး၊ ယခုအပတ်တွင် ကျပ်(၂၀၁၀)ဖြစ်၍ ကျပ်(၃၀) စျေးလျော့ကျ ခဲ့ကြောင်း၊ ဓါတ်ဆီ (95)(၁)လီတာလျှင် ယခင်အပတ်တွင် ကျပ်(၂၁၁၅)ဖြစ်ပြီး၊ ယခုအပတ်တွင် ကျပ်(၂၀၉၀)ဖြစ်၍ ကျပ်(၂၅) အသီးသီးစျေးလျော့ကျလာကြောင်း စက်သုံးဆီအရောင်းဆိုင်များမှ သိရှိရပါသည်။
DOCA(မကွေး)