ပခုက္ကူမြို့မဈေးအတွင်း ရောင်းချလျက်ရှိသော အခြေခံစားကုန်များ၏ ဈေးနှုန်းအခြေအနေ

Powered by Drupal

         မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင် ပခုက္ကူမြို့နယ်ရှိ မြို့မစည်ပင်ဈေးနှင့် ပန်းခြံဈေးတို့၌ မြစ်ခြေ၊ ကမ္မမြို့နယ်များမှ နေ့စဉ်လာရောက် ရောင်းဝယ်ကြသည့်အပြင် ပခုက္ကူမြို့နယ်အနီးရှိ ကျွန်းဒေသများ၊ ရှမ်းပြည်၊ ကျောက်ပန်းတောင်းနှင့် ပုပ္ပားနယ်များမှလည်း လာရောက်ရောင်းဝယ်ဖောက်ကားလျက်ရှိပါသည်။

         အဆိုပါဈေးတွင် ဒီဇင်ဘာ(၁)ရက်မှ (၆)ရက်နေ့အတွင်း အရောင်းအဝယ်ဖြစ်နေသည့် ဈေးနှုန်းများမှာ ပုပ္ပားနယ်မှလာသော ခရမ်းချဉ်သီး (၁)ပိဿာလျှင် ကျပ်(၁၈၀၀ မှ ၂၀၀၀)၊ ရှမ်းပြည်မှလာသော ခရမ်းချဉ်သီး (၁)ပိဿာလျှင် ကျပ်(၁၆၀၀ မှ ၁၈၀၀)၊ အာလူး(၁)ပိဿာလျှင် ကျပ်(၂၅၀၀မှ ၂၈၀၀)၊ မုံညှင်းထုပ်(၁)ပိဿာလျှင် ကျပ်(၁၆၀၀)၊ ငရုတ်ခြောက်ရှည် (၁)ပိဿာလျှင် ကျပ်(၁၈၀၀၀မှ ၁၉၀၀၀)၊ ကြက်သွန်နီ(၁)ပိဿာ လျှင် ကျပ်(၂၅၀၀ မှ ၃၅၀၀)၊ ကြက်သွန်ဖြူ(ရှမ်း)(၁)ပိဿာလျှင် ကျပ်(၄၅၀၀ မှ ၅၅၀၀)၊ ကြက်သွန်ဖြူ(ကြူကုတ်) (၁)ပိဿာလျှင် ကျပ်(၄၃၀၀ မှ ၄၅၀၀)၊ မန်ကျည်းသီးမှည့် (၁)ပိဿာလျှင် ကျပ်(၄၀၀၀ မှ ၄၅၀၀)၊ ဆုံဆီပဲ (၁)ပိဿာလျှင် ကျပ် (၁၁၀၀၀)၊ စက်ပဲဆီ(၁)ပိဿာလျှင် ကျပ်(၉၃၀၀)၊ နှမ်းဆီ(၁)ပိဿာလျှင် ကျပ်(၉၀၀၀မှ ၉၅၀၀)၊ စားအုန်းဆီ (၁)ပိဿာ ကျပ်(၅၈၀၀)၊ နေကြာဆီ(၁)ပိဿာ ကျပ်(၁၁၀၀၀မှ ၁၂၀၀၀)၊ရွှေဘိုပေါ်ဆန်းမွှေး (၁)အိတ်လျှင် ကျပ်(၇၈၀၀၀ မှ ၉၅၀၀၀)၊ဧည့်မထဆန်(မိုး) တစ်အိတ်လျှင် ကျပ်(၄၅၀၀၀မှ ၅၆၀၀၀)၊ မွေးမြူရေး ကြက်(CP) (၁)ပိဿာလျှင် ကျပ်(၁၂၀၀၀ မှ ၁၃၀၀၀)၊ ဗမာကြက်(၁)ပိဿာလျှင် ကျပ်(၁၆၀၀၀)၊ ဝက်သား(၁)ပိဿာလျှင်ကျပ်(၁၄၀၀၀မှ၁၅၀၀၀)၊ အမဲသား(၁)ပိဿာလျှင် ကျပ် (၁၂၀၀၀မှ ၁၄၀၀၀)၊ ဆိတ်သား(၁)ပိဿာလျှင် ကျပ်(၂၀၀၀၀ မှ ၂၂၀၀၀)နှင့် ငါးမြစ်ချင်း(၁)ပိဿာလျှင် ကျပ်(၆၀၀၀) ဈေးနှုန်း များဖြင့် မြို့မစည်ပင်ဈေးနှင့် ပန်းခြံဈေးတို့တွင် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)