ကန့်ဘလူခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲဆောင်ရွက်

Powered by Drupal

             စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်တွင် စားသုံးသူအခွင့်အရေးများကို သိရှိနားလည်ပြီး လိုက်နာဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ၂၀၂၆ ခုနှစ်၊ ဧပြီလ ရက်နေ့တွင် ခရိုင်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနရှိ ဝန်ထမ်းများအား  ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းက စားသုံးသူ ကာကွယ်ရေးအသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

        အဆိုပါဟောပြောပွဲတွင် တာဝန်ခံက စားသုံးသူများအနေဖြင့် ကုန်ပစ္စည်းများဝယ်ယူရာတွင် ကုန်အညွှန်းအမှတ်အသားများ၊ သက်တမ်းကုန်ဆုံးရက်၊ ထုတ်လုပ်သူ၏အချက်အလက်များကို သေချာစိစစ်ကြည့်ရှုရန်နှင့် မိမိတို့၏အခွင့်အရေးများကို သိရှိနားလည်ကာ လိုအပ်ပါက တိုင်ကြားနိုင်ကြောင်း အသိပညာပေးခဲ့ပြီး ဟောပြောပွဲကို ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဝန်ထမ်းများ၊ ဖိတ်ကြားထားသူများ (၅၀)ဦး တက်ရောက်ခဲ့ပြီး  စားသုံးသူအခွင့်အရေးများ၊ လုံခြုံစိတ်ချရသော ကုန်ပစ္စည်းရွေးချယ်အသုံးပြုနည်းများနှင့် ပတ်ဝန်းကျင်ကို ထိခိုက်စေနိုင်သော ပစ္စည်းများ အသုံးပြုမှုလျှော့ချရေးတို့ကို အသိပညာပေး ဟောပြောဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)