
စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးသည် အသိပညာပေးဟောပြောပွဲများ၊ လုပ်ငန်းရှင်တွေ့ဆုံပွဲများဆောင်ရွက်ရာတွင် တာဝန်ခံ ဦးမျိုးဝင်းသန်းသည် ကန့်ဘလူမြို့နယ်အတွင်းရှိ စားသုံးသူများအနေဖြင့် မိမိတို့၏ အခွင့်အရေးများကို ကာကွယ်နိုင်ရန်နှင့် တရားမဝင်ကုန်ပစ္စည်းများ၊ ဝန်ဆောင်မှုများနှင့် ပတ်သက်၍ တိုင်ကြားနိုင်ရန်အတွက် Consumer Call Center (1535) သို့ ဖုန်းခေါ်ဆို၍ မေးမြန်းခြင်း၊ တိုင်ကြားခြင်းများ ဆောင်ရွက်နိုင်ကြောင်း အသိပညာပေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၈ ရက်နေ့တွင် ကန့်ဘလူမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ စားသုံးသူတစ်ဦးက Consumer Call Center (၁၅၃၅) လိုင်းခွဲ(၁)အား ဖုန်းခေါ်ဆိုမေးမြန်းခဲ့ရာ တာဝန်ရှိသူများက ယဉ်ကျေးပျူငှာစွာဖြင့် ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။ အဆိုပါ Consumer Call Center (1535) သည် စားသုံးသူများအတွက် အလွယ်တကူ ဆက်သွယ်နိုင်သော တိုင်ကြားမှုလက်ခံ စင်တာတစ်ခုဖြစ်ပြီး ကုန်ပစ္စည်းအရည်အသွေးမမှန်ခြင်း၊ ဈေးနှုန်းမမှန်ကန်ခြင်း၊ လိမ်လည်ရောင်းချမှုများနှင့် ပတ်သက်၍ အကြောင်းကြားတိုင်ကြားနိုင်ပြီး စားသုံးသူအခွင့်အရေးနှင့် ပတ်သက်သော မေးခွန်းများကိုလည်း မေးမြန်းနိုင်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(စစ်ကိုင်း)
