စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့နယ်တာဝန်ခံဦးနိုင်ဦးသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်(၁)၊ မြို့နယ်ပညာရေးဌာန၊ မြို့နယ်မြေစာရင်းဦးစီးဌာန၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်လျှပ်စစ်ဦးစီးဌာန၊ မြို့နယ်လူဝင်မှု ကြီးကြပ်ရေးဦးစီးဌာန၊ မြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့နှင့် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပူးပေါင်းအဖွဲ့ဖြင့် (၈.၁၂.၂၀၂၂)ရက်နေ့ နံနက်(၁၀:၀၀)အချိန်တွင် မြို့နယ်ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆင်ပေါင်ဝဲမြို့နယ်၊ ကျောင်းကုန်းကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်း၌ ကျေးရွာပြည်သူများအား ကွင်းဆင်းဆောင်ရွက်ခြင်းနှင့်အတူ မြို့နယ်တာဝန်ခံမှ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ ပြည်သူ(၁၀၀)ဦး တက်ရောက်ခဲ့ပါသည်။
အဆိုပါအသိပညာပေးဟောပြောပွဲတွင် ဆင်ပေါင်ဝဲမြို့နယ်တာဝန်ခံ ဦးနိုင်ဦးမှ ဌာနဖြစ်ပေါ် လာပုံ သမိုင်းကြောင်းနှင့် ဌာန၏ရည်မှန်းချက်၊ မျှော်မှန်းချက်များ၊ စားသုံးသူများ၏ အခွင့်အရေးနှင့် လိုက်နာရမည့်တာဝန်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉)အခန်း(၁၈)ပါ ကုန်အညွှန်း အမှတ်အသားနှင့် စပ်လျဉ်းသည့်အကြောင်းအရာများ၊ စားသုံးသူများမှ အခွင့်အရေးများသိရှိပြီး နစ်နာဆုံးရှုံးမှုများရှိလျှင် တိုင်ကြားနိုင်ကြောင်းနှင့် တိုင်ကြားနိုင်သည့်နည်းလမ်းများအား အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါသည်။
DOCA(မကွေး)