မုံရွာကုန်စည်ဒိုင်၏ ပဲမျိုးစုံ၊ အစေ့ထုတ်ပြောင်း၊ မြေပဲသီးနှံနှင့် နှမ်းမျိုးစုံတို့၏ ဈေးနှုန်းပြောင်းလဲမှု အခြေအနေ

Powered by Drupal

       မုံရွာကုန်စည်ဒိုင်တွင် ပဲအမျိုးအစားအလိုက် ဈေးနှုန်းများမှာ ယခင်နှစ် ကာလတူဈေးထက် ယခုနှစ် ပဲမျိုးစုံ၊ အစေ့ထုတ်ပြောင်းနှင့် နှမ်းမျိုးစုံဈေးနှုန်းများ ဈေးပိုကောင်းလျက်ရှိသည်။

မတ်ပဲ

          မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဒီဇင်ဘာလတွင် ပဲတစ်တင်းလျှင် ကျပ် ၄၄၅၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဒီဇင်ဘာလတွင် ပဲတစ်တင်းလျှင် ကျပ် ၆၃၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ် နှစ်သောင်းခန့် ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၅၀မှ ၁၂၀ ခန့် အရောင်း အဝယ် ဖြစ်ကြောင်း သိရ သည်။

ပဲစဉ်းငုံ

          မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဒီဇင်ဘာလတွင် ပဲတစ်တင်းလျှင် ကျပ် ၃၆၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဒီဇင်ဘာလတွင် ပဲတစ်တင်းလျှင် ကျပ် ၅၅၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကာ တစ်တင်း လျှင် ကျပ် နှစ်သောင်းခန့် ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၁၀၀မှ ၁၂၀ ခန့် အရောင်းအဝယ် ဖြစ်ကြောင်း သိရသည်။

ပဲတီစိမ်း

          မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဒီဇင်ဘာလတွင် ပဲတစ်တင်းလျှင် ကျပ် ၄၂၆၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဒီဇင်ဘာလတွင် ပဲတစ်တင်းလျှင် ကျပ် ၄၄၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်နှစ်ထောင်ခန့် ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၈၀မှ ၁၀၀ ခန့် အရောင်းအဝယ် ဖြစ်ကြောင်း သိရသည်။

ကုလားပဲ

          မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဒီဇင်ဘာလတွင် ကုလားပဲဖြူလုံးကြီးတစ်တင်းလျှင် ကျပ် ၄၂၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဒီဇင်ဘာတွင် ပဲတစ်တင်းလျှင် ကျပ် ၆၃၀၀၀၊ 929  တစ်တင်းလျှင် ကျပ် ၃၉၆၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဒီဇင်ဘာလတွင် ပဲတစ်တင်းလျှင် ကျပ် ၅၈၅၀၀၊ ထိုင်ဝမ် တစ်တင်းလျှင် ကျပ် ၃၇၃၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဒီဇင်ဘာလတွင် ပဲတစ်တင်းလျှင် ကျပ် ၅၇၅၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်း လျှင် ကျပ်နှစ်သောင်းကျော် ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၁၅၀မှ ၂၀၀ ခန့် အရောင်းအဝယ်ဖြစ် ကြောင်း သိရသည်။

စွန်တာနီ/ပြာ

          မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဒီဇင်ဘာလတွင် ပဲတစ်တင်းလျှင် ကျပ် ၄၃၃၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဒီဇင်ဘာလတွင် ပဲတစ်တင်းလျှင် ကျပ် ၄၃၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကာ တစ်တင်း လျှင် ကျပ်သုံးရာ  လျော့နည်းခဲ့ပါသည်။ တစ်ရက်လျှင် အိတ်ရေ ၈၀မှ ၁၀၀ ခန့် အရောင်း အဝယ်ဖြစ်ကြောင်း သိရသည်။

ထောပတ်ပဲ

          မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဒီဇင်ဘာလတွင် ပဲတစ်တင်းလျှင် ကျပ် ၄၈၃၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဒီဇင်ဘာလတွင် ပဲတစ်တင်းလျှင် ကျပ် ၄၅၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကာ တစ်တင်း လျှင် ကျပ်သုံးထောင်ကျော် လျော့နည်းခဲ့ပါသည်။ တစ်ရက်လျှင် အိတ်ရေ ၅၀မှ ၈၀ ခန့် အရောင်း အဝယ်ဖြစ် ကြောင်းသိရသည်။

အစေ့ထုတ်ပြောင်း

          မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဒီဇင်ဘာလတွင် ပြောင်းတစ်တင်းလျှင် ကျပ် ၁၁၈၀၀ ဖြစ်ခဲ့ပြီး ယခု နှစ် ဒီဇင်ဘာလတွင် ပြောင်း တစ်တင်းလျှင် ကျပ် ၂၁၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်ကိုးထောင်ကျော် ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၁၀၀မှ ၁၅၀ ခန့် အရောင်း အဝယ် ဖြစ်ကြောင်း သိရသည်။

မြေပဲဆံသီးနှံ

          မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဒီဇင်ဘာလတွင် မြေပဲဆံနီ တစ်ပိဿာလျှင် ကျပ် ၃၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဒီဇင်ဘာလတွင် တစ်ပိဿာလျှင် ကျပ် ၅၅၀၀၊ မြေပဲဆံဖြူ တစ်ပိဿာလျှင် ကျပ် ၃၁၅၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဒီဇင်ဘာလတွင် တစ်ပိဿာလျှင် ကျပ် ၅၃၀၀၊ တစ်ပိဿာလျှင် ကျပ် နှစ်ထောင်ကျော် ပိုမို ခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၁၀၀မှ ၁၅၀ ခန့် အရောင်းအဝယ် ဖြစ်ကြောင်း သိရသည်။

 

 

နှမ်းမျိုးစုံသီးနှံ

          မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဒီဇင်ဘာလတွင် နှမ်းနက် တစ်တင်းလျှင် ကျပ် ၆၅၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဒီဇင်ဘာလတွင် တစ်တင်းလျှင် ကျပ် ၇၇၀၀၀၊ နှမ်းဖြူ တစ်တင်းလျှင် ကျပ် ၅၂၃၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဒီဇင်ဘာလတွင် တစ်တင်းလျှင် ကျပ် ၇၈၀၀၀၊ နှမ်းညို တစ်တင်းလျှင် ကျပ် ၄၂၃၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဒီဇင်ဘာလတွင် တစ်တင်းလျှင် ကျပ် ၆၅၀၀၀ ဖြင့် အရောင်း အဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်တစ်သောင်းကျော်မှ နှစ်သောင်းခွဲကျော်အထိ ပိုမိုခဲ့သည်။ တစ်ရက် လျှင် အိတ်ရေ ၁၀၀မှ ၁၅၀ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။

DOCA(စစ်ကိုင်း)