မြန်အောင်မြို့ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောခြင်း

Powered by Drupal

      ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊  မြန်အောင်မြို့၊ အမှတ်( ၄ )ရပ်ကွက်၊ စည်ပင်သာယာရေးရုံး၌ ( ၆.၁၂.၂၀၂၂ )ရက်နေ့ နေ့လယ်( ၁၃:၀၀ )နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ဒု-ခရိုင်ဦးစီးမှူးမှ ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ အလှကုန်အရောင်းဆိုင်လုပ်ငန်းရှင် ( ၂၅ )ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့သည်။

       ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ဒု-ခရိုင်ဦးစီးမှူး ဦးမြင့်အောင်မှ စားသုံးသူကာကွယ်ရေးဥပဒေကို ၂၀၁၉ ခုနှစ် မတ်လ( ၁၅ )ရက်နေ့တွင် အခန်း( ၂၅ )ခန်း၊ ပုဒ်မ( ၈၄ )ခုဖြင့် ပြဋ္ဌာန်းခဲ့ကြောင်း၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအကြောင်း၊ စားသုံးသူများသည် ကုန်စည်ကို ရွေးချယ်ဝယ်ယူတတ်စေရန် ကုန်အညွှန်းအမှတ်အသားနှင့်စပ်လျဉ်း၍ ဖော်ပြပါရှိသည့်အချက်အလက်များကို သေချာစွာစိစစ်ဝယ်ယူနိုင်ရန်၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မိမိတို့ရောင်းချနေသော ကုန်စည်နှင့်ဝန်ဆောင်မှုများတွင် အာမခံချက်ပေးနိုင်ခြင်းများအကြောင်း၊ ပြစ်မှု၊ ပြစ်ဒဏ်များအကြောင်းနှင့် စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ(Consumer Information and Complaint Center) CICC ဖွင့်လှစ်ထားရှိမှုအခြေအနေကိုလည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များအကြောင်း သိရှိလိုပါက www.doca.gov.mm Website တွင် ဝင်ရောက်လေ့လာနိုင်ကြောင်း စသည်တို့ကို အသိပညာပေးဟောပြောခဲ့ပြီး တက်ရောက်သူများမှလည်း သိလိုသည်များကိုမေးမြန်း၍ စားသုံးသူကာကွယ်ရေးဥပဒေစာအုပ်နှင့် လက်ကမ်းစာစောင်များ ပေးဝေခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)