
၂၀၂၆ခုနှစ်၊ မေလ (၈)ရက်နေ့ နံနက်(၀၈း၃၀)နာရီအချိန်တွင် စစ်ကိုင်းခရိုင်၊ စစ်ကိုင်းမြို့၊ မြတ်ဇေယျာခန်းမတွင် ကျင်းပပြုလုပ်သည့် ၂၀၂၆-၂၀၂၇ခုနှစ်၊ မိုးသီးနှံ(စပါး၊ နှမ်း၊ ပဲတီစိမ်း၊ နေကြာ၊ဝါ) သီးနှံပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် မျိုးကောင်းမျိုးသန့်၊ မျိုးစေ့နှင့်နေကြာမျိုးစေ့နှင့် (Drum Seeder)ထောက်ပံ့ပေးအပ်ချီးမြှင့်ခြင်း အခမ်းအနားကို စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန၊ စစ်ကိုင်းခရိုင်၊ စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌနှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများနှင့် တောင်သူများတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
အဆိုပါအခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်မှ အဖွင့်အမှာစကားပြောကြားပြီး စစ်ကိုင်းတိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးမှ မိုးသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် ပတ်သက်သည့်အချက်များ ရှင်းလင်းဆွေးနွေးခဲ့ပါကြောင်း၊ တောင်သူများကို မိုးသီးနှံ(စပါး၊ နှမ်း၊ ပဲတီစိမ်း၊ နေကြာ၊ ဝါ)မျိုးကောင်းမျိုးသန့်၊ မျိုးစေ့နှင့်မျိုးစေ့ချကိရိယာ (Drum Seeder)များအား တောင်သူများထံသို့ ပေးအပ်ချီးမြှင့်ခဲ့၍ တက်ရောက်လာသော တောင်သူများကိုယ်စား တောင်သူတစ်ဦးမှ အခုလိုပေးအပ်တဲ့အတွက် ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရှိရပါသည်။
ဆက်လက်၍ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ လမ်းညွှန်မှုဖြင့် စားသုံးသူရေးရာ ဦးစီးဌာန၊ စစ်ကိုင်းခရိုင်၊ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများ ဦးဆောင်၍ တက်ရောက်လာသော တောင်သူများအား စစ်ကိုင်းဆီကုန်သည်ကြီးများက သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီ (၅၀)ကျပ်သား (၄၇၀၀)ကျပ်ဖြင့် ရောင်းချကြောင်း သိရှိရပါသည်။
DOCA(စစ်ကိုင်း)
