ဘိုကလေးမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းတို့သည် အသေးစား စက်မှုလက်မှုဌာနနှင့်ပူးပေါင်း၍ “မင်းသား”ပေါင်မုန့်လုပ်ငန်းမှ ထုတ်လုပ်သောပေါင်မုန့်များ ဈေးကွက်အတွင်း ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ၂၀၂၂ ခုနှစ်၊ဒီဇင်ဘာလ( ၆ )ရက်နေ့၊ နံနက် (၁၁:၃၀ ) နာရီအချိန်တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။
အဆိုပါ “မင်းသား”ပေါင်မုန့်တွင် ပါဝင်ပစ္စည်းများမှာ ဂျုံ၊ သကြား၊ ဆီဖြစ်ပြီး တစ်နေ့ထုတ်လုပ်မှုအနေဖြင့် အလုံးရေ( ၂၅၀ )ခန့် ထုတ်လုပ်လျက်ရှိပြီး ဈေးကွက်အတွင်း ရောင်းဝယ်မှုအပေါ်လိုက်၍ နေ့စဉ်ထုတ်လုပ်လျက်ရှိပါသည်။ ပေါင်မုန့်တစ်လုံး အနုလျှင် ၇၀၀ ကျပ်ဖြစ်ပြီး အကြမ်း ၆၀၀ ကျပ်နှုန်းဖြင့် ရောင်းပေးပါသည်။ လုပ်သားဦးရေ( ၂ )ဦးရှိပြီး၊ တစ်ဦးလျှင် တစ်နေ့လုပ်သားခ ၇၀၀၀ ကျပ်ပေးရပြီး တစ်နိုင်တစ်ပိုင်လုပ်ကိုင်လျက်ရှိပါသည်။
ထို့နောက် မြို့နယ်တာဝန်ခံမှ ထုတ်လုပ်သောကုန်စည်နှင့်ပတ်သက်၍ စားသုံးသူများလုံခြုံစိတ်ချရမှုရှိစေရေး၊ ကျန်းမာရေးနှင့်ညီညွတ်သောထုတ်ကုန်များဖြစ်စေရန်အတွက် စားသုံးသူကာကွယ်ရေးဥပဒေအရ အခန်း ( ၁၈ ) ပုဒ်မ ၄၁၊ ၄၃ အရ ကုန်အညွှန်းအမှတ်အသားကိစ္စရပ်များနှင့်ပတ်သက်ပြီး သိရှိစေရေး၊ ဈေးနှုန်းဈေးကွက်အခြေအနေနှင့် ထုတ်လုပ်ခွင်တွင် သန့်ရှင်းသပ်ရပ်စေရေးတို့အတွက် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)