၂၀၂၆ခုနှစ် ဧပြီလအတွင်း ပြည်ခရိုင်ရှိ အစားအသောက်  ဝန်ဆောင်မှုလုပ်ငန်းများအား စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်လျှက်ရှိ

Powered by Drupal

                    ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်အတွင်း ၂၀၂၆ခုနှစ်၊ ဧပြီလအတွင်း အစားအသောက် ဝန်ဆောင်မှုလုပ်ငန်းများ ရရှိစေရန် စားသုံးသူများ၏ လူနေမှုဘဝ အဆင်ပြေချောမွေ့ စေရန် ရည်ရွယ်၍ ပြည်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ပြည်မြို့၊ လမ်းမတော်လမ်း၊ ကျောင်းအိုးရပ်ကွက်ရှိ “လိုတရ” စားသောက်ဆိုင်သို့လည်းကောင်း၊ ရွှေတောင်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ရွှေတောင်မြို့၊ ကြာနီကန်ရပ်ကွက်၊ တာလမ်းကြီးရှိ “ရွှေသရဖူ” စားသောက်ဆိုင် သို့လည်းကောင်း၊ ပန်းတောင်းမြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းများသည် ပန်းတောင်းမြို့၊ ဝန်လိုရပ်ကွက်(၁)ရှိ “ငွေသော်တာ” စားသောက်ဆိုင်သို့လည်းကောင်း၊ ပေါက်ခေါင်းမြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းများသည် ပေါက်ခေါင်းမြို့၊ ပြည်-တောင်ငူလမ်း အမှတ်(၁)ရပ်ကွက်ရှိ အောင်မြေစားသောက်ဆိုင် လုပ်ငန်းသို့လည်းကောင်း အစားအသောက် ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်နေသည်ကို ကွင်းဆင်းစစ်ဆေး၍ အစားအသောက်ပြုပြင် ရောင်းချသည့်နေရာများ သန့်ရှင်းမှုရှိ/မရှိ၊ အစားအသောက်ကိုင်တွယ် ချက်ပြုတ်သူများနှင့် ဝန်ဆောင်မှုပေးသူများ၏ တစ်ကိုယ်ရည်သန့်ရှင်းမှုရှိ/မရှိ၊ အစားအသောက်များ သန့်ရှင်းလတ်ဆက်မှု ရှိ/မရှိ၊ စားသောက်ဆိုင် များသည် မိမိတို့ဆိုင်များမှပေးအပ်သည့် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ စားသုံးသူများအားလုံလောက် သည့် သတင်းအချက်အလက်များကို အသိပေးဖော်ပြခြင်း ရှိ/မရှိနှင့် ရောင်းချသည့် စားသောက် ဖွယ်ရာ များ၏ အမျိုးအစား၊ အရွယ်အစား(size) ပမာဏအလိုက် ဈေးနှုန်းအား ပွင့်လင်းမြင်သာစွာ ကြိုတင်ဖော်ပြထားခြင်း ရှိ/မရှိ ၊ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ရာ သန့်ရှင်းလတ်ဆက်မှုရှိခြင်း၊ ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ သီးခြားရယူထားမှုမရှိခြင်းနှင့် ဈေးနှုန်းများ ဖော်ပြထားသည့် Menuစာရွက်များကို စားပွဲများတွင် တင်ထားသည်ကို စစ်ဆေးတွေ့ရှိခဲ့ပါကြောင်း နှင့်အစားအသောက် ရောင်းချသည့် ဝန်ဆောင်မှုလုပ်ငန်းများ အနေဖြင့် စားသုံးသူများအား ဝန်ဆောင်မှုပေးရာတွင် စားသုံးသူစိတ် ကျေနပ်မှုရှိစေရေး၊ စားသုံးသူဘေးအန္တရာယ် ကင်းရှင်းစွာ စားသောက်နိုင်ရေး၊ စားသုံးသူနစ်နာ ဆုံးရှုံးမှု မဖြစ်စေရေးတို့ကို ဦးစားပေး ဆောင်ရွက်ရန် အသိပညာပေးဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)