“ကိတ်မုန့်နှင့်ပေါင်မုန့်ထုတ်လုပ်သည့်လုပ်ငန်းအားPre Market ကွင်းဆင်းဆောင်ရွက်”

Powered by Drupal

                  ကျောက်ဆည်ခရိုင်၊ စားသုံးသူ‌ရေးရာဦးစီးဌာနမှ စစ်ဆေးရေးအရာရှိများသည် မေလ(၈) ရက်နေ့တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်းပြီး ကျောက်ဆည်မြို့နယ်၊ အေးမြကြည်လင် ရပ်ကွက်ရှိ ရတနာဆွေ ကိတ်မုန့်ပေါင်မုန့်ထုတ်လုပ်သည့်လုပ်ငန်း လုပ်ကိုင်နေသော လုပ်ငန်းရှင် ဒေါ်မေမိုးပုလဲနှင့်ကောင်းကင်ပြာကိတ်မုန့် လုပ်ငန်းလုပ်ကိုင်နေသော ‌ဒေါ်အေးချမ်းမျိုးမြင့်တို့နှင့် တွေ့ဆုံ၍ ကိတ်မုန့်ပေါင်မုန့် ထုတ်လုပ်ရာတွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသောညွှန်ကြားချက်အမှတ်(၂/၂၀၁၉) နှင့် စားသုံးသူကာကွယ်ရေးဥပဒေပါလုပ်ငန်းရှင်များ၏ တာဝန်များနှင့် အခန်း၁၈ပါ စီးပွား‌‌ရေးလုပ်ငန်းရှင်များ လိုက်နာရမည့် ကုန်အညွှန်းအမှတ် အသားဖော်ပြခြင်းနှင့်ပတ်သက်၍ ပုဒ်မ (၄၁)ပါ အချက်အလက်များအား ရှင်းလင်းဆွေးနွေးခြင်း၊ ၄င်းအချက်အလက်များမှ ပုဒ်မ(ခ)ရှိ ကုန်စည်၏ အမျိုးအမည်၊အရွယ်အစား၊ အရေအတွက် နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှု အညွှန်း ၊ သုံးစွဲပုံနည်းလမ်းနှင့် ပုဒ်မ(ဆ)ရှိ ကျန်းမာရေး ဆိုင်ရာဘေးထွက်ဆိုးကျိုး သို့မဟုတ် ဓါတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေးချက် တို့အား မြန်မာဘာသာဖြင့်ဖြစ်စေ ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့) တစ်ခုထက်ပို၍ တွဲလျှက်ဖြစ်စေ၊ ပြည့်စုံစွာဖော်ပြရမည်ဖြစ်ပြီး စီးပွားရေးလုပ်ငန်းရှင်များဘက်မှလည်း ကုန်စည်အမျိုး အစားအလိုက် သတ်မှတ်ထားသည့် ဥပဒေညွှန်ကြားချက်များအား အထူးအလေးထားလိုက်နာ ဆောင်ရွက်သွားကြရန် နှင့် ကုန်ပစ္စည်းများအား Online ပေါ်မှတဆင့် ဖြန့်ဖြူးရောင်းချမည်ဆိုပါက  Online Registration  လျှောက်ထားရမည်ဖြစ်ကြောင်း၊ အခက်အခဲများရှိပါက  ချိတ်ဆက်ဆောင်ရွက် ပေးမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)