ငရုတ်သီးခြောက်ဈေးကွက် အနည်းငယ်မြင့်တက်

Powered by Drupal

         ကယားပြည်နယ်တွင် စားဖိုဆောင်သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ စားဖိုဆောင်သီးနှံ တစ်မျိုးဖြစ်သည့် ငရုတ်သီးကို မိုးတွင်းနှင့် ဆောင်းတွင်းတွင် စိုက်ပျိုးကြပြီး လွိုင်ကော်မြို့နယ် ပန်ကန်းကျေးရွာ၊ ရွာတန်းရှည်ကျေးရွာ၊ ကုန်းသာကျေးရွာနှင့် လင်ဖုံလေးကျေးရွာတို့တွင် အဓိကစိုက်ပျိုးလျက်ရှိပါသည်။ ငရုတ်သီးခြောက်တောင့်ရှည်နှင့် အပုခြောက် (ကုလားအော်သီးခြောက်)ဟူ၍ (၂)မျိုးရှိပြီး ငရုတ်သီးခြောက်တောင့်ရှည်မှာ အစပ်နည်းပြီး ဈေးနည်းကာ ကုလားအော်သီးခြောက်မှာ အလွန်စပ်၍ ဈေးပိုကောင်းပါသည်။ ယခုလက်ရှိ ဒီဇင်ဘာလဒုတိယပတ်အတွင်း ငရုတ်သီးခြောက်တောင့်ရှည် တစ်ပိဿာလျှင် (၁၄၀၀၀) ကျပ် နှင့် ကုလားအော်သီးခြောက် တစ်ပိဿာလျှင် (၂၀၀၀၀) ကျပ်ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင် နိုဝင်ဘာလဒုတိယပတ်တွင် ငရုတ်သီးခြောက်တောင့်ရှည် တစ်ပိဿာလျှင် (၁၃၅၀၀) ကျပ်၊ ကုလားအော်သီးခြောက် တစ်ပိဿာလျှင် (၁၉၅၀၀) ကျပ်ရှိခဲ့ပြီး ယခင်နိုဝင်ဘာလဒုတိယပတ်နှင့် ယခုဒီဇင်ဘာလဒုတိယပတ် နှိုင်းယှဉ်လျှင် ငရုတ်သီးခြောက်တောင့်ရှည် တစ်ပိဿာလျှင် (၅၀၀) ကျပ်၊ ကုလားအော်သီးခြောက် တစ်ပိဿာလျှင် (၅၀၀) ကျပ်ခန့် မြင့်တက်လျက်ရှိကြောင်း ငရုတ်သီးခြောက်ရောင်းချသူတစ်ဦးထံမှ သိရှိရပါတယ်။

DOCA(ကယား)