
၁၄.၅.၂၀၂၆ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်တာဝန်ခံ ဦးညီလွင်အေးသည် မုဒုံမြို့နယ်၊ တံခွန်တိုင်ကျေးရွာရှိ “ခရေဝမ်း” အမှတ်တံဆိပ် သောက်ရေသန့်လုပ်ငန်းရှင်နှင့်တွေ့ဆုံ ဆွေးနွေးခဲ့ပါသည်။
ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ မုဒုံမြို့နယ်တာဝန်ခံမှ “ခရေဝမ်း” အမှတ်တံဆိပ် သောက်ရေသန့်လုပ်ငန်းရှင်အား စားသုံးသူကာကွယ်ရေး ဥပဒေတွင် ပြဋ္ဌာန်းထားသည့် စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များ၊ သောက်ရေသန့် ဗူးများတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ စားသုံးသူကာကွယ်ရေး ဥပဒေ ၂၀၁၉ အခန်း (၁၈) တွင် ဖော်ပြထားသောပြဋ္ဌာန်းချက်အတိုင်း ကုန်အညွှန်း အမှတ်အသားကို ပြည့်စုံစွာ ဖော်ပြရန်၊ ကုန်စည်အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းတို့ကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာ ဘာသာ (သို့မဟုတ်) အခြားဘာသာတစ်ခုဖြင့်ဖြစ်စေ ဖော်ပြရန် အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
DOCA (မွန်)
