
ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ညောင်လေးပင်မြို့နယ်တာဝန်ခံရုံးအနေဖြင့် ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းများ၊ စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို အားတက်ကြိုးပမ်း ဆောင်ရွက်လျက်ရှိရာ ၄.၅.၂၀၂၆ ရက်နေ့တွင် ညောင်လေးပင်မြို့နယ်တာဝန်ခံရုံးမှ မြို့နယ်တာဝန်ခံ ဦးကျော်သက်မိုးနှင့် အငယ်စာရေးဒေါ်စန္ဒာဦး၊ အငယ်တန်းစာရေး ဒေါ်ရွှန်းလဲ့ခင်အောင်၊ နေ့စား ဝန်ထမ်း ဦးခန့်နောင်ဦးတို့သည် ညောင်လေးပင်မြို့၊ မြို့မ (၁) ရပ်ကွက်တွင် စားသုံးသူ ပြည်သူများအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။
ညောင်လေးပင်မြို့နယ်တာဝန်ခံ ဦးကျော်သက်မိုးနှင့် အဖွဲ့သည် ညောင်လေးပင်မြို့၊ မြို့မ (၁) ရပ်ကွက်တွင် စားသုံးသူပြည်သူများအား စားသုံးသူကာကွယ်ရေး ဥပဒေပါအချက်အလက် များအကြောင်း၊ စားသုံးသူ အခွင့်အရေး (၈)ချက်၊ စားသုံးသူပြည်သူများ၏ အခွင့်အရေးနှင့် တာဝန် များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များ၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်နှင့် စပ်လျဉ်း၍ သိကောင်းစရာများကို ဟောပြောခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲသို့ စားသုံးသူပြည်သူ (၃၀)ဦး တက်ရောက် နားထောင်ခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ပဲခူး)
