
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ညောင်လေးပင်ခရိုင်ဦးစီးမှူးရုံးသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းများ၊ ကုန်ဈေးနှုန်းတည်ငြိမ် ရေးလုပ်ငန်းများနှင့် ပြည်တွင်းကုန်သွယ်ရေး ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ကြိုးစားပမ်းစား လုပ်ဆောင်လျက်ရှိရာ ၄.၅.၂၀၂၆ ရက်နေ့တွင် ညောင်လေးပင် ခရိုင်ဦးစီးမှူး ဦးရဲမင်းထွဋ်သည် ဖဒိုမြို့ရှိ စားအုန်းဆီလက်လီ လက်ကားရောင်းချသူများအား ဈေးနှုန်းမြှင့်တင်ရောင်းချမှု မရှိစေရေး ညောင်လေးပင်ခရိုင်ဦးစီးမှူးရုံးတွင် ခေါ်ယူတွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။
ညောင်လေးပင်ခရိုင်ဦးစီးမှူးသည် ဖဒိုမြို့ရှိ စားအုန်းဆီ ရောင်းချသည့် လုပ်ငန်းရှင် “ ဒေါ်နုနုခိုင် ” အား စားအုန်းဆီများကို ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း မပြုလုပ်ရန်၊ သတ်မှတ်ထားသော သတ်မှတ်ရည်ညွှန်း ဈေးအတိုင်းသာ ရောင်းချရန်၊ အလေးချိန်၊ အချင်အတွယ် မှန်ကန်စွာ ရောင်းချပေးရန်နှင့် ရောင်းချရာတွင်လည်း မှန် (၆) မှန်ဖြင့် ရောင်းချရန်၊ ရောင်းချရာတွင် ဗီနိုင်း ချိတ်ဆွဲ ရောင်းချရန်၊ သတ်မှတ်ပမာဏအတိုင်း ပြည်သူများလက်ဝယ်အရောက် စနစ်တကျ ဖြန့်ဖြူး ရောင်းချပေးရေး၊ ဆီစာအုပ်များအတိုင်း အကြိမ်ရေ မှန်ကန်စွာ ရောင်းချရန်၊ အသိပညာပေး ဆွေးနွေး ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ပဲခူး)
