မုံရွာမြို့နယ်တွင် ခရမ်းချဉ်သီးဈေးနှုန်း ကျဆင်းလျက်ရှိ

Powered by Drupal

       စစ်ကိုင်းတိုင်းဒေသကြီး၊မုံရွာမြို့နယ်အတွင်း ခရမ်းချဉ်သီးကို မိုးဦးနှင့် မိုးနှောင်းကာလများတွင် ဒေသအတွင်း တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြပါသည်။ ခရမ်းချဉ်သီးသည် အပူပိုင်းဒေသနှင့် သမနွေပိုင်းဒေသတို့တွင် ကောင်းမွန်စွာ စိုက်ပျိုးဖြစ်ထွန်းသည်။

          ယခုအချိန်တွင် ဒေသတွင်းခရမ်းချဉ်သီးပေါ်သည့် ရာသီချိန်ဖြစ်သည့်အတွက် ဈေးကွက်တွင် ဒေသတွင်းထွက်ကုန် ခရမ်းချဉ်သီးများ လှိုင်လှိုင်ဝင်ရောက်လျက်ရှိပြီး မုံရွာမြို့နယ်အတွင်း ဖြစ်ပေါ်နေသော ခရမ်းချဉ်သီးဈေးနှုန်းများမှာ ဒီဇင်ဘာလ ပထမအပတ်တွင် ခရမ်းချဉ်သီး တစ်ပိဿာလျှင် ကျပ် ၁၅၀၀-၂၀၀၀ မှ ဒီဇင်ဘာလ ဒုတိယအပတ်တွင် ကျပ် ၁၀၀၀-၁၁၀၀ အထိ ဈေးနှုန်းကျဆင်းခဲ့ကြောင်းနှင့် ဈေနှုန်းကျဆင်းရခြင်းမှာ ဒေသတွင်း ထွက်ကုန်များပေါများခြင်း၊ ဈေးကွက်အတွင်းသို့ အခြားဒေသများမှ ခရမ်းချဉ်သီးများ လှိုင်လှိုင်ဝင်ရောက်လာခြင်းကြောင့်ဖြစ်ကြောင်း ခရမ်းချဉ်သီးပွဲရုံများထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)