လွိုင်ကော်မြို့ပေါ်ရှိ စားသောက်ဆိုင် လုပ်ငန်းရှင်များအား အသိပညာပေး  

Powered by Drupal

     ၂၀၂၆ ခုနှစ်၊ မေလ( ၁၉ )ရက်နေ့၊ နေ့လယ် ( ၁၄:၃၀ )နာရီအချိန်တွင် စားသုံးသူရေးရာ ဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံး အစည်းအဝေးခန်း၌ လွိုင်ကော်မြို့ပေါ်ရှိ အစားအသောက် ပြုပြင်ရောင်းချနေသော လုပ်ငန်းရှင်များအား အစားအသောက်ဝန်ဆောင်မှု ပေးအပ်သည့်ကိစ္စနှင့် စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေးဆောင်ရွက်ခဲ့ရာ  ဌာနဆိုင်ရာဝန်ထမ်းနှင့် လုပ်ငန်းရှင် စုစုပေါင်း( ၂၈ )ဦး တက်ရောက်ခဲ့ပါသည်။

       ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ဦးမိုးညွန့်ဦး( ပြည်နယ်ဦးစီးမှုး )မှ စားသောက်ဆိုင် လုပ်ငန်းရှင်များအနေဖြင့် မိမိစားသောက်ဆိုင်ရှိ အစားအသောက် ပြုပြင်ရောင်းချ သည့်နေရာများအား သန့်ရှင်းမှုသပ်ရပ်စွာအသုံးပြုရန်၊ အစားအသောက်ကိုင်တွယ်ချက်ပြုတ်သူများ အနေဖြင့် Apron ၊ ခေါင်းစွပ်များဝတ်ဆင်၍ချက်ပြုတ်စေရန်နှင့် အစားအသောက်ကိုင်တွယ်ချက်ပြုတ် သူများအပြင် ဝန်ဆောင်မှုပေးသူများအနေဖြင့် တစ်ကိုယ်ရည်သန့်ရှင်းမှုရှိစေရေး ကြပ်မတ်ဆောင်ရွက် ရန်၊ မိမိတို့ဆိုင်မှပေးအပ်သည့် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အဖိုးအခထပ်မံ ကောက်ခံမည်ဆိုပါက လုံလောက်သည့် သတင်းအချက်အလက်များကို စားသုံးသူသို့ အသိပေးဖော်ပြထားရှိရန်၊ မိမိတို့ဆိုင် မှရောင်းချသည့် စားသောက်ဖွယ်ရာများ၏ အမျိုးအစား (Size) ပမာဏ အလိုက် ဈေးနှုန်းအား ပွင့်လင်း မြင်သာစွာဖြင့် ကြိုတင်အသိပေးဖော်ပြထားရန်နှင့် သက်ဆိုင်ရာဌာန၏ ဥပဒေ၊ ညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်သွားရန်နှင့် ထပ်မံစစ်ဆေးသည့်အခါ အထက်ဖော်ပြပါ အချက်များအား လိုက်နာ ဆောင်ရွက်မှုမရှိပါက စားသုံးသူကာကွယ်ရေးဥပဒေအရလည်းကောင်း၊ သက်ဆိုင်ရာဌာနဆိုင်ရာများ၏ ဥပဒေများနှင့်ပါအရေးယူခံရမည်ဖြစ်ကြောင်း အသိပညာပေး ပြောကြားခဲ့ပြီး လုပ်ငန်းရှင်များမှ သိရှိလိုသည်များမေးမြန်းခဲ့ရာ တာဝန်ရှိသူများအနေဖြင့် ပြန်လည်ဖြေကြားခဲ့ပြီး  တွေ့ဆုံဆွေးနွေးပွဲအား နေ့လယ် ( ၁၅:၃၀ )နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။

DOCA(ကယား)