မြိတ်ခရိုင် အငယ်စား၊ အသေးစားနှင့်အလတ်စား စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ပြန်လည်ဖွဲ့စည်းနိုင်ရေးအစည်းအဝေးသို့ ခရိုင်ဦးစီးမှူးမှ တက်ရောက်

Powered by Drupal

          ၂၀၂၆ ခုနှစ်၊ မေလ ၁၉ ရက်နေ့၊ မွန်းလွဲ ၂း၀၀ နာရီအချိန်တွင် မြိတ်မြို့၊ ကမ်းနားလမ်းရှိ ငါးလုပ်ငန်းအဖွဲ့ချုပ်ရုံး၊ အစည်းအဝေးခန်းမတွင် တနင်္သာရီတိုင်းဒေသကြီး၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးမှ ဦး‌‌ဆောင်၍ ကျင်းပပြုလုပ်သော မြိတ်ခရိုင် အငယ် စား၊ အသေးစားနှင့်အလတ်စား စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းပြန်လည်ဖွဲ့စည်းနိုင်ရေး အစည်း အဝေးသို့ မြိတ်ခရိုင်၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး၊ အကောက်ခွန်ဦးစီး ဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ စားသုံးသူရေး ရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး၊ ဦးမျိုးဝင်း၊ မြိတ်ခရိုင်ရှိ ဌက်သိုက်လုပ်ငန်းရှင်များအသင်း၊ ကွမ်းသီးလုပ် ငန်းရှင်များအသင်း၊ စားသောက်ဆိုင်လုပ်ငန်းရှင်များအသင်း၊ ဓါတ်သတ္တုလုပ်ငန်းရှင်များအသင်းနှင့် စားသောက်ကုန်ထုတ်လုပ်သည့်(MSMEs)လုပ်ငန်းရှင်များ တက်ရောက်ခဲ့ပါသည်။

          အဆိုပါအစည်းအဝေးတွင် တနင်္သာရီတိုင်းဒေသကြီး၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီး ဌာန၊ တိုင်းဒေသကြီးဦးစီးမှူးမှ တနင်္သာရီတိုင်း‌ဒေသကြီး၊ မြိတ်ခရိုင်အနေဖြင့် ရေထွက်ပစ္စည်းများ၊ ကွမ်းသီး၊ ရာဘာ၊ ဆီအုန်း၊ ဒူးရင်းသီးတို့ အဓိကထွက်ရှိပြီး ကုန်ကြမ်းအနေဖြင့်သာ ထုတ်လုပ်ရောင်းချ လျက်ရှိကြောင်းတွေ့ရှိရပြီး ပြည်ပသွင်းကုန် ကုန်ကြမ်းများအစား ပြည်တွင်း၌ထွက်ရှိသော ကုန်ကြမ်း များအားသုံးစွဲ၍ Value Added အဖြစ်ပြောင်းလဲထုတ်လုပ်ရန်လိုအပ်ကြောင်း၊ မြိတ်ဒေသမှထွက်ရှိ သော ရာဘာကုန်ကြမ်းများအား ကုန်ချောအဖြစ် ဆိုင်ကယ်တာယာ၊ စက်ဘီးတာယာများ ထုတ်လုပ် ဖြန့်ဖြူးရန် ဖိုးလမင်း ကုမ္ပဏီမှ စိစဥ်ဆောင်ရွက်လျက်ရှိကြောင်း၊ မြိတ်မြို့ရှိ MSMEs လုပ်ငန်းရှင်များ စုစည်းပြီး မြိတ်ခရိုင် အငယ်စား၊ အသေးစားနှင့်အလတ်စား စက်မှုလက်မှုလုပ်ငန်းများအသင်းဖွဲ့စည်း ပြီး စုပေါင်းအားဖြင့် လုပ်ကိုင်ဖို့လိုအပ်ကြောင်းနှင့် အသင်းအဖွဲ့အနေဖြင့် MSMEs လုပ်ငန်းများ တိုးချဲ့ လုပ်ကိုင်လိုပါက ဌာနမှ နည်းပညာများနှင့် အရင်းအနှီးတို့အား တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကူညီ‌ ‌ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၊ မြိတ်ခရိုင် ဦးစီးမှူးမှ ဒေသတွင်းလုပ်ငန်းရှင်များအနေဖြင့် စားသောက်ကုန်၊ လူသုံးကုန်များ ထုတ်လုပ်ဖြန့်ဖြူး မည်ဆိုပါက စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွန်းအမှတ်အသားဆိုင်ရာ သတ်မှတ်ချက်များ နှင့်အညီ ထုတ်လုပ်ဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း ဆွေးနွေးခဲ့ပါသည်။

DOCA(တနင်္သာရီ)