
မြိတ်ခရိုင်တွင် ဆန်စျေးကွက်စျေးနှုန်းအားဒေသတွင်းဖြစ်သင့်ဖြစ်ထိုက်သော စျေးဖြင့်ရောင်းဝယ် ဖောက်ကားမှုရှိစေရေးအတွက် စားသုံးသူရေးရာဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ခရိုင်ကုန်စျေးနှုန်းတည်ငြိမ်ရေးအဖွဲ့ဝင်များဖြစ်ကြသော အထူးစုံစမ်းစစ်ဆေးရေး ဦးစီး ဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ကျေးလက်ဖွံ့ဖြိုးရေး ဦးစီးဌာနနှင့် ခရိုင် စီမံကိန်းရေးဆွဲရေးဦးစီးဌာနတို့သည် ၂၀၂၆ ခုနှစ်၊ မေလ ၂၂ ရက်နေ့၊ နံနက် ၉း၄၅ နာရီအချိန်တွင်
ရှမ်းချောင်းလမ်းမကြီး၊ မြိတ်မြို့ရှိ ဆန်အရောင်းဆိုင်များအား ရှောင်တခင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
ကွင်းဆင်းစစ်ဆေးရာတွင် မြိတ်မြို့အတွင်းရောင်းချနေသော ဆန်ဈေးနှုန်းများအား သတ်မှတ် ထုတ်ပြန်ထားသည့် ရည်ညွှန်းဈေးနှုန်းများအတိုင်းရောင်းချနေခြင်းရှိ/မရှိနှင့် ဈေးကွက်ဈေးနှုန်းတည်ငြိမ် စေရန်အတွက် ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားရှိခြင်း၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများ မရှိစေရန် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(တနင်္သာရီ)
