မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ မြဟေမာရပ်ကွက်ရှိ သိန်းမေတ္တာမုန့်လုပ်ငန်းအား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

          ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာ၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်တာဝန်ခံ ဦးလှထွဠ်ဦးနှင့် ဝန်ထမ်းများသည် (၁၈.၅.၂၀၂၆)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် မြောင်းမြမြို့နယ်၊ မြဟေမာရပ်ကွက်ရှိ  သိန်းမေတ္တာမုန့်လုပ်ငန်းအား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

          ထို့သို့ကွင်းဆင်းစစ်ဆေးရာတွင် မြောင်းမြမြို့နယ်တာဝန်ခံမှ မြဟေမာရပ်ကွက်ရှိ သိန်းမေတ္တာမုန့်လုပ်ငန်းတွင် MSMEs လုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရေးအတွက် ထုတ်လုပ်လျက်ရှိသော ကုန်ပစ္စည်းများ၏ ထုတ်လုပ်မှုနှင့် ကုန်ကြမ်းရရှိမှုဈေးနှုန်းဈေးကွက် အခြေအနေများအားမေးမြန်းဆွေးနွေးခဲ့ပြီး ထုတ်ကုန်များတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားနိုင်ခြင်းအတွက်၂၀၁၉စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ ပုဒ်မ(၄၁)ပါ ပုဒ်မခွဲ(၈)ချက်အားရှင်းလင်းဆွေးနွေးခဲ့ပါသည်။ အသေးစား၊အလတ်စား၊ အငယ်စားစီးပွားရေးလုပ်ငန်းများ  ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်သော လုပ်ငန်းရှင်များအနေဖြင့် ပြည်သူများ သိသင့်သိထိုက်သည့် အကြောင်းအရာများကိုလည်း ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)