စစ်ကိုင်းတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့ ပူးပေါင်း၍ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးအထောက်အကူပြု Thursday Talk  အခမ်းအနားကျင်းပ

Powered by Drupal

           စစ်ကိုင်းတိုင်းဒေသကြီးနှင့်မန္တလေးတိုင်းဒေသကြီးတို့ ပူးပေါင်း၍  ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး အထောက်အကူပြု  Thursday talk အခမ်း အနားကို  ၂၀၂၆ခုနှစ်၊  မေလ (၂၁) ရက်နေ့၊ နံနက် (၁၀:၃၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ  စစ်ကိုင်းတိုင်းဒေသကြီးမှ အရာထမ်း၊ အမှုထမ်း (၄၂)ဦး၊ မန္တလေးတိုင်းဒေသကြီးမှ အရာထမ်း၊ အမှုထမ်း ( ၆၀)ဦး၊ စုစုပေါင်း (၁၀၂) ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။

      ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးက အဖွင့်အမှာစကားပြောကြားခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့ ပူးပေါင်း၍ Online ဖြင့် Thursday talk  ဆွေးနွေးပွဲ ဆောင်ရွက်သည်မှာ (၄)ကြိမ်ရှိပြီဖြစ်ပါကြောင်း၊  ပူးပေါင်းညှိနှိုင်းမှုသည် အရေးပါသော အခန်းကဏ္ဍတစ်ခုဖြစ်သည့်အတွက်  ဆွေးနွေးပွဲများမှတစ်ဆင့် တိုင်းတစ်တိုင်နှင့် တစ်တိုင်းကြား ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုခိုင်မာလာခြင်းသည် နမူနာစံပြတစ်ရပ်အဖြစ်ကြောင်း၊ သတ်မှတ်နိုင်ပါကြောင်း ပြောကြားခဲ့ပါသည်။

            မန္တလေးတိုင်းဒေသကြီးမှ  ဦးမျိုးထွန်း ဦးစီးအရာရှိက    စားသုံးသူကာကွယ်ရေးဥပဒေပါ စစ်ဆေးရေးအရာရှိ၏ တာဝန်၊ နည်းဥပဒေများပါ အခန်းကဏ္ဍနှင့် အသုံးပြုရမည့် ပုံစံများအကြောင်းကို Power point ဖြင့် အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်ဦးစီးမှူးရုံးမှ ဒေါ်သန်းသန်းဝင်း ဦးစီးအရာရှိက   ချင်းရိုးရာအသစ်အဆန်းဘိုးဘွား အမွေလက်ယက္ကန်းအကြောင်းတို့ကို  Power point ဖြင့် အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့မှ တက်ရောက်လာသူများကလည်း သိရှိလိုသည်များကို အပြန်အလှန်မေးမြန်းခဲ့ကြောင်း သိရသည်။

         ဆက်လက်၍   စစ်ကိုင်းတိုင်းဒေသကြီး၊ ဒုတိယတိုင်းဒေသကြီးဦးစီးမှူးနှင့် မန္တလေးတိုင်းဒေသ ကြီးဦးစီးမှူးတို့က နိဂုံးချုပ်အမှာစကားပြောကြားရာတွင်   ယခုလို ဆွေးနွေးမှုများမှတစ်ဆင့် တိုင်းတစ်တိုင်း၏ အောင်မြင်မှုအတွေ့အကြုံများကို တစ်တိုင်းနှင့် တစ်တိုင်းသင်ယူနိုင်ပြီး Thursday talk   ပူးပေါင်းဆောင်ရွက်ခြင်းသည် မိတ်ဖက်ဆက်ဆံရေးကို တိုးတက်စေသည့်အပြင် စားသုံးသူရေးရာဦးစီးဌာန၏ ပင်မလုပ်ငန်းများ၊ ပြည်တွင်းကုန်သွယ်မှု ဖွံ့ဖြိုးရေးလုပ်ငန်းများကိုလည်း   ပို၍ ဆောင်ရွက်လာနိုင်ပြီး  ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသောနမူနာစံပြတစ်ရပ်ဖြစ်ကြောင်း၊ နောင်တွင်လည်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားပြီး အခမ်းအနားကို မွန်းလွှဲ (၁၂း၀၀)နာရီအချိန်တွင် အောင်မြင်စွာ ရုတ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)