သာစည်မြို့၊ ရွာမွန်သာကျေးရွာရှိကုန်စုံဆိုင်များသို့ အသင့်စားမုန့်အမျိုးမျိုးအား ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

               စားသုံးသူရေးရာဦးစီးဌာန၊မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင် ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် စားသုံးသူပြည်သူများ ကုန်စည်နှင့်ဝန်ဆောင်မှုများသုံးစွဲရာတွင် ထိခိုက် နစ်နာမှုမရှိစေရေး၊ လုံခြုံစိတ်ချရမှုရှိစေရေး၊ လုပ်ငန်းရှင်များအနေဖြင့် ဥပဒေပြဌာန်းချက်များ နှင့်အညီ ထုတ်လုပ်ရောင်းချမှုရှိစေရေး၊ လုံခြုံစိတ်ချရမှုမရှိသော ကုန်စည်များလျော့နည်းပပျောက် သွားစေရေးတို့အတွက်နေရာစုံ၌ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို အစဉ်တစိုက်ဆောင်ရွက် လျက်ရှိရာ ၂၀၂၆ ခုနှစ်၊ မေလ ၂၁   ရက်နေ့တွင် သာစည်မြို့နယ်တာဝန်ခံ ဒေါ်ဖြူဖြူထွန်း (ဒု-ဦးစီးမှူး)နှင့်အဖွဲ့တို့ သာစည်မြို့၊ရွာမွန်သာကျေးရွာရှိ ကုန်စုံဆိုင်များသို့ အသင့်စားမုန့်အမျိုးမျိုးအား ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရှိရသည်။

                ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဈေးကွက်တွင် ရောင်းချနေသော အသင့်စားမုန့်အမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြခြင်း ရှိ/မရှိ၊ သက်ဆိုင်ရာဌာနများမှ ကန့်သတ်တားမြစ် ထားသည့်မုန့်များ ရောင်းချခြင်း ရှိ/မရှိနှင့်  စားသုံးသူဘေးအန္တရာယ်ဖြစ်စေနိုင်သော မုန့်များရောင်းချ ခြင်း ရှိ/မရှိတို့အေား စစ်ဆေးခဲ့ပြီး၊ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့် ဥပဒေနှင့်အညီ လိုက်နာဆောင်ရွက်ကြရန်ပြောကြားခဲ့ပြီး စျေးကွက်အတွင်းရောင်းချနေသော ကုန်စည်များတွင် ကုန် အညွှန်အမှတ်အသားပြည့်စုံစွာဖော်ပြဆောင်ရွက်မှုရှိ/မရှိအား ဌာနမှစျေးကွက် စောင့်ကြည့် စစ်ဆေး ခြင်းများကို ကွင်းဆင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားခြင်းမရှိသော ကုန်ပစ္စည်းများအား‌ရောင်းချခြင်းမပြုကြရန်ပြောကြားခဲ့ပြီး၊ သတ်မှတ် စံချိန်စံနှုန်းနှင့်ကိုက်ညီ၍ သက်ဆိုင် ရာဌာနများမှ ခွင့်ပြုထားသောသော ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားသော အသင့်စားမုန့်အမျိုးမျိုးကိုသာ ဈေးကွက်အတွင်းရောင်းချလျက်ရှိ ကြောင်း သိရှိရပါ သည်။

DOCA(မန္တလေး)