ပြည်ကုန်စည်ဒိုင်၏ အောက်တိုဘာလနှင့်နိုဝင်ဘာလ အရောင်းအဝယ်ဖြစ်မှုနှင့် ဈေးနှုန်းနှိုင်းယှဉ်ချက်

Powered by Drupal

        ပြည်ကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်လျှက်ရှိသော မတ်ပဲ၊ ပဲစင်းငုံ၊ ကုလားပဲ၊ ဘိုကိတ်ပဲတို့၏ အရောင်းအဝယ်ဖြစ်မှုနှင့်ဈေးနှုန်းအခြေအနေကို အောက်ပါအတိုင်းလေ့လာတင်ပြလိုက်ရပါသည်။

မတ်ပဲ

          အောက်တိုဘာလ ပထမပတ်တွင် မတ်ပဲတစ်တင်းကို ၆၀၀၀၀-၆၀၅၀၀ ကျပ်ဖြင့် အရောင်း အဝယ်ရှိပြီး တစ်ရက်လျှင် အိတ် ၂၀၀/၂၅၀ခန့် ရန်ကုန်အဝယ်ရှိပါသည်။ အောက်တိုဘာ ဒုတိယပတ်တွင် မတ်ပဲတစ်တင်းလျှင် ၅၉၅၀၀-၆၀၀၀၀ကျပ်ဖြင့်၊ တတိယပတ်မှာ ပဲတစ်တင်းကို ၆၂၀၀၀-၆၂၅၀၀ ကျပ်၊ စတုတ္ထပတ်တွင် ပဲတစ်တင်းကို ၅၇၅၀၀-၅၈၀၀၀ကျပ်ဖြင့် ရန်ကုန်အဝယ်တစ်ရက်ကို အိတ် ၂၀၀ခန့် တင်ပို့ခဲ့ပါသည်။ နိုဝင်ဘာပထမပတ်တွင် မတ်ပဲတစ်တင်းကို ၅၈၀၀၀-၅၉၀၀၀-၅၉၅၀၀ ကျပ်ဖြင့် အရောင်းအဝယ်ရှိပြီး ဒုတိယပတ်မှာ ပဲတစ်တင်းကို ၆၀၂၀၀-၆၀၅၀၀ကျပ်ဖြင့် တစ်ရက်ကို အိတ် ၁၅၀ခန့် ရန်ကုန်အဝယ်ရှိပါသည်။ နိုဝင်ဘာတတိယပတ်တွင် မတ်ပဲတစ်တင်းကို ၅၈၅၀၀-၅၈၉၀၀ကျပ်ဖြင့် တစ်ရက်ကိုအိတ် ၁၀၀/၂၀၀ခန့် ရန်ကုန်အဝယ်ရှိပါသည်။ နိုဝင်ဘာလ စတုတ္ထပတ် မှာ မတ်ပဲဈေးကျလာပြီး တစ်တင်းကို ၅၆၅၀၀-၅၇၀၀၀ကျပ်ဖြင့် အရောင်းအဝယ်တစ်ရက်ကို အိတ် ၁၀၀/၂၀၀ခန့် ရန်ကုန်အဝယ်ရှိပါသည်။

ပဲတီစိမ်း

          နိုဝင်ဘာလ ပထမပတ်တွင် ပဲတီစိမ်းတစ်တင်းကို ၄၅၀၀၀-၄၅၅၀၀ ကျပ်ဖြင့် တစ်ရက်ကို အိတ် ၆၀၀/၇၀၀ခန့် ရန်ကုန်နှင့် မန္တလေးသို့တင်ပို့ပါသည်။ ဒုတိယပတ်မှာ ပဲတီစိမ်း တစ်တင်းကို ၄၆၀၀၀-၄၆၅၀၀-၄၈၀၀၀-၄၉၀၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ နိုဝင်ဘာလ တတိယ ပတ်မှာ ပဲတီစိမ်း (ရိုးရိုး)တစ်တင်းကို ၄၇၀၀၀ကျပ်၊ ပဲတီစိမ်း ထိပ်စတစ်တင်းကို ၄၈၀၀၀ကျပ်ဖြင့် မန္တလေးအဝယ် ၇၀၀/၈၀၀ခန့် ရှိခဲ့ပါသည်။

ပဲစင်းငုံ

          အောက်တိုဘာ ပထမပတ်တွင် ပဲစင်းငုံတစ်တင်းကို ၆၁၀၀၀ကျပ်၊ ဒုတိယပတ်မှာ ပဲစင်းငုံ တစ်တင်းကို ၆၂၀၀၀ကျပ်ဖြင့် ရန်ကုန်အဝယ်ရှိပြီး တစ်ရက်ကိုအိတ် ၁၀၀/၂၀၀ခန့် အရောင်း အဝယ်ဖြစ်ခဲ့ပါသည်။ တတိယပတ်မှာ ပဲစင်းငုံတစ်တင်းကို ၆၁၀၀၀ကျပ်၊ စတုတ္ထပတ်မှာ ပဲစင်းငုံ တစ်တင်းကို ၆၁၀၀၀ကျပ်ဖြင့် ဈေးအေးနေခဲ့ပြီး အရောင်းအဝယ်လည်းအေးနေခဲ့ပါသည်။ နိုဝင်ဘာလပထမပတ်နှင့် ဒုတိယပတ်မှာ ပဲစင်းငုံတစ်တင်းကို ၆၁၀၀၀-၅၉၀၀၀ကျပ်ဖြင့် ဈေးအေး နေခဲ့ပြီး ပဲလက်ကျန်လည်းနည်းနေပြီဖြစ်ပါသည်။ နိုဝင်ဘာလတတိယပတ်မှာ ပဲတစ်တင်းကို ၅၉၀၀၀ကျပ်၊ စတုတ္ထပတ်မှာ ပဲစင်းငုံတစ်တင်းကို ၅၉၀၀၀ကျပ်ဖြင့် အရောင်းအဝယ် တခါတရံမှသာရှိခဲ့ပါသည်။

ကုလားပဲ

          အောက်တိုဘာလပထမပတ် ပြည်ကုန်စည်ဒိုင်တွင် ကုလားပဲ (HL)တစ်တင်းကို ၆၀၀၀၀ ကျပ်ဖြင့် မြို့တွင်းခွဲစက်သမားများ အဝယ်ရှိပြီး တစ်ရက်ကိုအိတ် ၃၀၀ခန့် အဝယ်ရှိပါသည်။  ဒုတိယပတ်တွင် ကုလားပဲ(HL)တစ်တင်းကို ၆၂၀၀၀-၆၃၀၀၀ကျပ်၊ ကုလားပဲ (မြကြေးမှုံ) တစ်တင်း ကို ၆၃၀၀၀-၆၄၀၀၀ကျပ်ဖြင့် ရန်ကုန်အဝယ်နှင့် နယ်စုံရောင်းဝယ်မှုရှိပြီး တစ်ရက်ကို အိတ် ၃၀၀/ ၄၀၀ခန့် အဝယ်ရှိခဲ့ပါသည်။ အောက်တိုဘာ တတိယပတ်မှာ ကုလားပဲ(HL) တစ်တင်းကို ၆၄၅၀၀ ကျပ်၊ ကုလားပဲ (မြကြေးမှုံ)တစ်တင်းကို ၆၄၅၀၀ကျပ်၊ စတုတ္ထပတ်တွင် ကုလားပဲ(HL) တစ်တင်းကို ၆၂၀၀၀-၆၃၀၀၀ကျပ်၊ ကုလားပဲ(မြကြေးမှုံ)တစ်တင်းကို ၆၂၀၀၀-၆၃၀၀၀ကျပ်ဖြင့် မြို့တွင်းအဝယ် တစ်ရက်ကိုအိတ် ၂၀၀/၃၀၀ခန့် အဝယ်ရှိခဲ့ပါသည်။ အောက်တိုဘာပထမပတ်တွင် ကုလားပဲ (HL)တစ်တင်းကို ၆၀၀၀၀ကျပ်ဖြင့် အဝယ်ရှိခဲ့ပါသည်။ နိုဝင်ဘာလပထမပတ်တွင် ကုလားပဲ (HL)တစ်တင်းကို ၆၃၀၀၀ကျပ်၊ ကုလားပဲ (မြကြေးမှုံ)တစ်တင်းကို ၆၃၀၀၀-၆၄၀၀၀ကျပ်၊ ဒုတိယ ပတ်တွင် ကုလားပဲ(HL)တစ်တင်းကို ၆၄၀၀၀၊ ကုလားပဲ (မြကြေးမှုံ)တစ်တင်းကို ၆၄၅၀၀-၆၅၀၀၀ ကျပ်ဖြင့် အရောင်းအဝယ်ရှိခဲ့ပါသည်။ နိုဝင်ဘာလ တတိယပတ်မှာ ကုလားပဲ(HL) တစ်တင်းကို ၆၃၀၀၀-၆၄၀၀၀ကျပ်ဖြင့် ခွဲစက်သမားများ တစ်ရက်အဝယ်အိတ် ၃၀၀/၄၀၀ခန့် ရှိခဲ့ပါသည်။ နိုဝင်ဘာစတုတ္ထပတ်မှာ ကုလားပဲဈေးကျလာပြီး ကုလားပဲ(HL) တစ်တင်းကို ၆၁၀၀၀-၆၁၅၀၀ကျပ်၊ ကုလားပဲ(မြကြေးမှုံ)တစ်တင်းကို ၆၁၀၀၀-၆၁၅၀၀ကျပ်ဖြင့် ရန်ကုန်အဝယ်နှင့် မြို့တွင်းအဝယ် ရှိခဲ့ပါသည်။

ဘိုကိတ်ပဲ

အောက်တိုဘာလ ပထမပတ်တွင် ဘိုကိတ်ပဲတစ်တင်းကို ၄၂၀၀၀ကျပ်၊ ဒုတိယပတ်မှာ ဘိုကိတ်ပဲတစ်တင်းကို ၄၁၀၀၀-၄၂၀၀၀ကျပ်ဖြင့် မြို့တွင်းအဝယ် တစ်ရက်ကိုအိတ် ၅၀ခန့် အရောင်း အဝယ်ဖြစ်ခဲ့ပါသည်။ အောက်တိုဘာတတိယပတ်တွင် ဘိုကိတ်ပဲတစ်တင်းကို ၄၁၀၀၀-၄၂၀၀၀ ကျပ်ဖြင့် ဈေးအေးနေခဲ့ပါသည်။ စတုတ္ထပတ်မှာ ဘိုကိတ်ပဲတစ်တင်းကို ၄၁၀၀၀ကျပ်ဖြင့် အဝယ် တစ်ရက်ကို အိတ် ၅၀ခန့် အဝယ်ရှိခဲ့ပါသည်။ နိုဝင်ဘာလပထမပတ်မှာ ဘိုကိတ်ပဲတစ်တင်းကို ၄၀၀၀၀-၄၂၀၀၀ ကျပ်ဖြင့် အဝယ်ရှိခဲ့ပါသည်။ နိုဝင်ဘာဒုတိယပတ်မှာ ဘိုကိတ်ပဲတစ်တင်းကို ၄၂၀၀၀-၄၃၀၀၀ကျပ်ဖြင့် မြို့တွင်းနှင့်ရန်ကုန်အဝယ်တစ်ရက်ကို အိတ် ၆၅၀/၁၀၀ ခန့် အဝယ် ရှိခဲ့ပါသည်။ နိုဝင်ဘာတတိယပတ်မှာ ဘိုကိတ်တစ်တင်းကို ၄၂၀၀၀-၄၃၀၀၀ကျပ်ဖြင့် အဝယ်ရှိပြီး စတုတ္ထပတ်မှာ ဘိုကိတ်ပဲတစ်တင်းကို ၄၂၅၀၀-၄၃၀၀၀ကျပ်ဖြင့် အဝယ်တစ်ရက်ကိုအိတ် ၅၀ခန့် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။

DOCA(ပဲခူး)