ဖြူးမြို့မှ လူကြိုက်များသည့် ပဲမုန့်

Powered by Drupal

            တောင်ငူခရိုင်၊ ဖြူးမြို့မှ ဈေးကွက်အတွင်း ထုတ်လုပ်ရောင်းချသည့် ရွှေဥဒေါင်းမင်းပဲမုန့်သည် ဒေသအတွင်း လူကြိုက်များသည့် မုန့်တစ်မျိုးဖြစ်ပါသည်။ ပဲမုန့်ပြုလုပ်ရန်အတွက် လိုအပ်သော ကုန်ကြမ်းများမှာ ဂျုံ၊ သကြား၊ ဆီ၊ ဆား၊ ကုလားပဲတို့ ဖြစ်ပါသည်။

            ပဲမုန့်ပြုလုပ်ပုံ အဆင့်ဆင့်မှာ ဂျုံ၊ သကြား၊ ဆီနှင့် ရေတို့အား ရောနယ်ရပါသည်။ ထို့နောက် ဂျုံနှင့်ဆီကို သပ်သပ်ထပ်နယ်ရပါသည်။ ပဲအစာပြုလုပ်ရန် ကုလားပဲကို ရေဆေးပြီး ပြုတ်ရပါသည်။ ပြီးလျှင် ဇကာချကာ သကြား၊ ဆီနှင့် ဆားရောကာ ကျိုရပါသည်။ ဂျုံ၊ သကြားနှင့် ရေနယ်ထားသော မုန့်အနှစ်အား ပြင်ပခွံပြုလုပ်ရပါသည်။ ထိုအခွံထဲသို့ ဂျုံနှင့် ဆီနယ်ထားသော မုန့်အနှစ်ကို ထည့်၍ လိပ်ရပါသည်။ ပြီးလျှင် ပိုက်လုံးနှင့်ပြားကာ ကျိုထားသောပဲအနှစ်အား ဌာပနာ ထည့်၍ လက်ဖြင့်ခေါက်ရပါသည်။ ထိုမုန့်များ၏ အပေါ်တွင် ကြက်ဥကိုမွှေ၍ သုပ်ကာ ဖုတ်ပြီးလျှင် ပဲမုန့်ကို ရရှိပါသည်။

           ထိုမုန့်များအား တံဆိပ်ကပ်ကာ ပလပ်စတစ်အိတ်ဖြင့်ထည့်၍ တစ်ခုလျှင် ၄၀၀ ကျပ်နှုန်း ဖြင့် ဈေးကွက်အတွင်းရောင်းချလျှက် ရှိပါသည်။ ထုတ်လုပ်မှုအနေဖြင့် တစ်နေ့လျှင် ပဲမုန့်အခု ၄၀၀ ခန့်ထုတ်လုပ်နိုင်ကြောင်းနှင့် ဇေယျဝတီ၊ ဖြူး၊ ညောင်ပင်သာနှင့် ကညွတ်ကွင်းမြို့များထိ ဖြန့်ဖြူးလျက်ရှိကြောင်း မုန့်ထုတ်လုပ်သူ လုပ်ငန်းရှင်၏ ပြောကြားချက်အား သိရှိရပါသည်။

DOCA(ပဲခူး)