မုံရွာကုန်စည်ဒိုင်၏ ပဲမျိုးစုံ၊ အစေ့ထုတ်ပြောင်း၊ မြေပဲသီးနှံနှင့် နှမ်းမျိုးစုံတို့၏ ဈေးနှုန်းပြောင်းလဲမှု အခြေအနေ

Powered by Drupal

           မုံရွာကုန်စည်ဒိုင်တွင် ပဲအမျိုးအစားအလိုက် ဈေးနှုန်းများမှာ ယခင်နှစ် ကာလတူဈေးထက် ယခုနှစ် ပဲမျိုးစုံ၊ အစေ့ထုတ်ပြောင်းနှင့် နှမ်းမျိုးစုံဈေးနှုန်းများ ဈေးပိုကောင်းလျက်ရှိပြီး၊ စွန်တာနီ/ပြာ တစ်မျိုးသာ ဈေးနှုန်းကျဆင်းခဲ့ကြောင်း ကုန်စည်ဒိုင်ဈေးနှုန်းသတင်းများအရ သိရသည်။

မတ်ပဲ

          မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဒီဇင်ဘာလတွင် ပဲတစ်တင်းလျှင် ကျပ် ၄၃၅၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဒီဇင်ဘာလတွင် ပဲတစ်တင်းလျှင် ကျပ် ၅၈၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ် တစ်သောင်းခွဲခန့် ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၇၀မှ ၁၂၀ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။

ပဲစဉ်းငုံ

          မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဒီဇင်ဘာလတွင် ပဲတစ်တင်းလျှင် ကျပ် ၃၄၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဒီဇင်ဘာလတွင် ပဲတစ်တင်းလျှင် ကျပ် ၅၈၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကာ တစ်တင်း လျှင် ကျပ် နှစ်သောင်းခွဲခန့် ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၁၀၀မှ ၁၅၀ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။

ပဲတီစိမ်း

          မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဒီဇင်ဘာလတွင် ပဲတစ်တင်းလျှင် ကျပ် ၄၀၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဒီဇင်ဘာလတွင် ပဲတစ်တင်းလျှင် ကျပ် ၄၇၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကာ တစ်တင်း လျှင် ကျပ်ခုနှစ်ထောင် ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၈၀မှ ၁၀၀ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။

ကုလားပဲ

          မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဒီဇင်ဘာလတွင် ကုလားပဲဖြူလုံးကြီး တစ်တင်းလျှင် ကျပ် ၄၁၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဒီဇင်ဘာတွင် ပဲတစ်တင်းလျှင် ကျပ် ၆၄၅၀၀၊ 929  တစ်တင်းလျှင် ကျပ် ၃၉၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဒီဇင်ဘာလတွင် ပဲတစ်တင်းလျှင် ကျပ် ၅၉၅၀၀၊ ထိုင်ဝမ် တစ်တင်းလျှင် ကျပ် ၃၈၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဒီဇင်ဘာလတွင် ပဲတစ်တင်းလျှင် ကျပ် ၅၈၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်နှစ်သောင်းမှ နှစ်သောင်းခွဲခန့်  ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၁၈၀မှ ၂၀၀ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။

စွန်တာနီ/ပြာ

          မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဒီဇင်ဘာလတွင် ပဲတစ်တင်းလျှင် ကျပ် ၅၇၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဒီဇင်ဘာလတွင် ပဲတစ်တင်းလျှင် ကျပ် ၄၀၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ် နှစ်သောင်းခန့် လျော့နည်းခဲ့ပါသည်။ တစ်ရက်လျှင် အိတ်ရေ ၈၀မှ ၁၀၀ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။

ထောပတ်ပဲ

          မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဒီဇင်ဘာလတွင် ပဲတစ်တင်းလျှင် ကျပ် ၂၉၅၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဒီဇင်ဘာလတွင် ပဲတစ်တင်းလျှင် ကျပ် ၄၅၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်  တစ်သောင်းခွဲကျော် ပိုမိုခဲ့ပါသည်။ တစ်ရက်လျှင် အိတ်ရေ ၅၀မှ ၈၀ ခန့် အရောင်း အဝယ်ဖြစ်ကြောင်း သိရသည်။

အစေ့ထုတ်ပြောင်း

          မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဒီဇင်ဘာလတွင် ပြောင်းတစ်တင်းလျှင် ကျပ် ၁၁၇၀၀ ဖြစ်ခဲ့ပြီး ယခု နှစ် ဒီဇင်ဘာလတွင် ပြောင်း တစ်တင်းလျှင် ကျပ် ၂၁၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်ကိုးထောင်ကျော် ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၁၀၀မှ ၁၅၀ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။

မြေပဲဆံသီးနှံ

          မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဒီဇင်ဘာလတွင် မြေပဲဆံနီ တစ်ပိဿာလျှင် ကျပ် ၂၇၅၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဒီဇင်ဘာလတွင် တစ်ပိဿာလျှင် ကျပ် ၅၅၅၀၊ မြေပဲဆံဖြူ တစ်ပိဿာလျှင် ကျပ် ၃၀၅၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဒီဇင်ဘာလတွင် တစ်ပိဿာလျှင် ကျပ် ၅၃၀၀၊ တစ်ပိဿာလျှင် ကျပ် သုံးထောင်ခန့် ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၁၀၀မှ ၁၅၀ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။

နှမ်းမျိုးစုံသီးနှံ

          မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဒီဇင်ဘာလတွင် နှမ်းနက် တစ်တင်းလျှင် ကျပ် ၅၇၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဒီဇင်ဘာလတွင် တစ်တင်းလျှင် ကျပ် ၈၂၀၀၀၊ နှမ်းဖြူ တစ်တင်းလျှင် ကျပ် ၄၆၅၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဒီဇင်ဘာလတွင် တစ်တင်းလျှင် ကျပ် ၈၁၅၀၀၊ နှမ်းညို တစ်တင်းလျှင် ကျပ် ၄၀၅၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဒီဇင်ဘာလတွင် တစ်တင်းလျှင် ကျပ် ၆၈၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်နှစ်သောင်းခွဲကျော်မှ သုံးသောင်းခန့်အထိ ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၁၀၀မှ ၁၅၀ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။

DOCA(စစ်ကိုင်း)