
စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ဈေးကွက်ရောက် အသင့်စားမုန့်များတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြခြင်းရှိ/မရှိကို ညောင်တုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ပူးပေါင်းအဖွဲ့များသည် ညောင်တုန်းမြို့နယ်ရှိ မုန့်အရောင်းဆိုင်များတွင် အသင့်စားမုန့်အမျိုးမျိုးအား ၈.၆.၂၀၂၆ ရက်နေ့ နံနက်(၀၉း၀၀)နာရီအချိန်တွင် ပူးပေါင်း၍ ဈေးကွက် စောင့်ကြည့် စစ်ဆေးခဲ့ကြကြောင်း သိရသည်။
အသင့်စားမုန့်များကို ညောင်တုန်းမြို့နယ် စစ်ဆေးရေးမှူး ဒေါ်ချိုမီဇင်မှ စစ်ဆေးရာ ထုတ်ကုန်များ လုံးခြုံစိတ်ချရမှုရှိစေရေးအတွက် ဈေးကွက်မရောက်မီ ကုန်စည်များထုတ်လုပ်ရာတွင် ထုတ်လုပ်သူ လုပ်ငန်းရှင်များကို ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပြီး ဈေးကွက်အတွင်းဖြန့်ဖြူးရောင်းချသူ လုပ်ငန်းရှင်များကိုလည်း ဈေးကွက်ရောက်ပြီး ကုန်စည်များကို ကုန်အညွှန်အမှတ်အသားဖော်ပြပါဝင်သော ကုန်စည်များကိုရောင်းချရန် အသိပညာပေးခဲ့ပြီးဖြစ်၍ ဈေးကွက်အတွင်းရောင်းချနေသော အသင့်စားမုန့်များတွင် ကုန်အညွှန်းအမှတ် အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉) နှင့် ကိုက်ညီမှု ရှိမရှိစစ်ဆေးခဲ့ပြီး ဈေးကွက်ရောက် အသင့်စားမုန့်များတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များ ကိုက်ညီကြောင်း စစ်ဆေးတွေ့ရှိရပြီး၊ ကိုက်ညီချက်မရှိသော ကုန်စည်များကိုရောင်းချခြင်းတွေ့ရှိပါက ဥပဒေအရ အရေးယူသိမ်းဆည်းသွားမည်ဖြစ်ကြောင်း စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ တားမြစ်ချက်များအကြောင်းနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်း စသည်တို့ကိုမှာကြားဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)
