
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်ဈေးကွက်အတွင်း အမှတ်တံဆိပ် ပြည်တွင်းထုတ်ရောနှောဆီများ ဖြန့်ဖြူးရောင်းချနေမှု အခြေအနေအား ဇွန်လ (၁၂)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် ကော့မှူးမြို့နယ် စည်ပင်သာယာမြို့မဈေးကြီး အတွင်း/အပြင်ရှိ အခြေခံစားသောက်ကုန်ပစ္စည်းအရောင်းဆိုင်များသို့ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့မဈေးတာဝန်ခံနှင့် ဝန်ထမ်းများ ပူးပေါင်းအဖွဲ့ဖြင့် ကော့မှူးမြို့နယ်စည်ပင်သာယာမြို့မဈေးအတွင်း/အပြင်ရှိ အခြေခံစားသောက်ကုန်ပစ္စည်း အရောင်းဆိုင်များတွင် စားသုံးသူပြည်သူများ နေ့စဉ်နှင့်အမျှ ဝယ်ယူစားသုံးလျှက်ရှိသည့် အမှတ် တံဆိပ်ပြည်တွင်းထုတ် ရောနှောဆီအမျိုးအစား အမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ သတ်မှတ်ထားသော ညွှန်ကြားချက်များနှင့်အညီ မြန်မာဘာသာဖြင့် ဖော်ပြပါရှိရမည့် စားသုံးဆီ၏ ပင်ရင်းပါဝင်ပစ္စည်းကို အခြေခံဖော်ပြစေရန်ရည်ရွယ်၍ ဟင်းသီးဟင်းရွက် ဆီ (Vegetable Oil, Cooking Oil)များအား ထုတ်လုပ်သူ၊ ပြန်လည်ဖြန့်ဖြူးရောင်းချသူ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် အပြည့်အဝ ရာနှုန်းပြည့်မီအောင် လိုက်နာဆောင်ရွက်သွားစေရန် ရည်ရွယ်ပြီး ဦးစီးဌာနအနေဖြင့် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)
