ကရင်ပြည်နယ် ပဲပုပ်များ ရန်ကုန်မြို့သို့တင်ပို့ ဈေးကောင်းရလျက်ရှိ

Powered by Drupal

    ကရင်ပြည်နယ်တွင် ၂၀၂၂ ခုနှစ်အတွင်း စိုက်ပျိုးသည့် ပဲပုပ်များထွက်ရှိကာ ပြည်တွင်းသို့ သယ်ယူပို့ဆောင်ရောင်းချလျက်ရှိပြီး ယမန်နှစ်ထက် ဈေးကောင်းရရှိလျက်ရှိကြောင်း ပဲ၊ ပြောင်း၊ နှမ်း ရောင်းဝယ်ရေး လုပ်ကိုင်နေသူ ကုန်သည်များထံမှ သိရသည်။

    ပဲပုပ်ကုန်သည်များအနေဖြင့် ဒေသတွင်း ပဲပုပ်ဝယ်ယူရာတွင် တစ်ပိဿာလျှင် ပွဲရုံအထိုင်ဈေး ၂၂၅၀ ကျပ်ဖြင့် ဝယ်ယူလျက်ရှိပြီ အလုပ်သမားခ၊ ကားခ၊ အိတ်ခွံဖိုးနှင့် အထွေထွေကုန်ကျစရိတ် တစ်ပိဿာလျှင်၆၀ကျပ်နှုန်းရှိသောကြောင့် တစ်ပိဿာအရင်း ၂၃၁၀ကျပ်ဖြစ်ပြီး  ရန်ကုန်အထိုင်ဈေး တစ်ပိဿာလျှင် ၂၃၈၀ ကျပ်ဖြင့်ရောင်းချရသောကြောင့် တစ်ပိဿာအမြတ် ၇၀ ကျပ်ရှိကာ အကျိုးအမြတ်ရလျက်ရှိကြောင်း သိရပါသည်။

    ယမန်နှစ်က ကရင်ပြည်နယ်ဒေသထွက် ပဲပုပ်ဈေးမှာ တစ်ပိဿာလျှင် ၁၉၀၀ ကျပ်ဖြင့် ဈေးနှုန်းပိတ်ခဲ့ပြီး ယခုနှစ် အဖွင့်ဈေးနှုန်းမှာ တစ်ပိဿာလျှင် ၂၃၈၀ ကျပ် ( ရန်ကုန်အထိုင်ဈေး) ဖြစ်ပေါ်ခဲ့ကြောင်းနှင့် စာရင်းဇယားများအရ ကရင်ပြည်နယ်တွင် ပဲပုပ် စိုက်ဧက ၁၁၄၀၃ ဧက ရှိ၍  ၁ ဧကအထွက်နှုန်း  ၁၆ တင်းရှိကာ စုစုပေါင်းအထွက်နှုန်း ၁၈၆၄၄၄ တင်းရှိကြောင်း သိရပါသည်။

DOCA(ကရင်)