နိုင်ငံ့ဝန်ထမ်းများအား သက်သာသော ဈေးနှုန်းဖြင့် စားဆီများရောင်းချပေးခြင်း

Powered by Drupal

          မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မွန်ပြည်နယ်ဆီလုပ်ငန်းရှင်အသင်းတို့ ပူးပေါင်း၍ နိုင်ငံဝန်ထမ်းများအား သက်သာသော ဈေးနှုန်းဖြင့် စားဆီများရောင်းချပေးခြင်းကို (၂၈.၁၁.၂၀၂၂)မှ (၇.၁၂.၂၀၂၂)ထိ ရောင်းချပေးခဲ့ကြောင်း သိရှိရသည်။

          ထိုသို့ ရောင်းချပေးရာတွင် လူပျို/အပျို (၀.၅)ပိဿာ အိမ်ထောင်သည် (ကလေးမရှိ) (၁) ပိဿာ၊ အိမ်ထောင်သည် (ကလေး ၂ယောက်) (၁.၅)ပိဿာ၊ အိမ်ထောင်သည် (ကလေး ၂ယောက်အထက်) (၂) ပိဿာနှုန်းဖြင့် ရောင်းချပေးခဲ့ရာ မွန်ပြည်နယ်အတွင်းရှိ ဌာန (၁၀၃) ဌာနအတွက် ဆီပိဿာပေါင်း (၂၆၆၇၅.၅)ပိဿာအား တစ်ပိဿာလျှင် (၅၃၀၀) ကျပ်နှုန်းဖြင့် ရောင်းချ ပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(မွန်)