မှော်ဘီခရိုင်၊ မှော်ဘီမြိုနယ်တွင် စားသုံးသူအသိပညာပေး Talk Show ဆွေးနွေးပွဲပြုလုပ်

Powered by Drupal

          မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ် စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ (၁၅.၆.၂၀၂၆) ရက်နေ့၊ နေ့လယ် (၁၃:၃၀) နာရီအချိန်တွင် မှော်ဘီမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုဗဟိုပြုဌာန (Community Centre) ခန်းမ၌ ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံချက်ပေးခြင်း ခေါင်းစဉ်ဖြင့် (Talk Show) ဆွေးနွေးပွဲပြုလုပ်ခဲ့ကြောင်း သိရပါသည်။

          ထိုသို့အသိပညာပေး ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ မှော်ဘီမြို့နယ် တာဝန်ခံ ဦးဇော်မျိုးထွန်း၊ ဦးစီးမှူးမှ စားသုံးသူကာကွယ်ရေးဥပဒေတွင် အခန်း (၂၅) ခန်း၊ ပုဒ်မ (၈၄) ခုရှိ ကြောင်း၊ အခန်း (၁၁) ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံချက်ပေးခြင်းနှင့် ပတ်သတ်၍ ပုဒ်မ (၂၃)ပါ ပုဒ်မခွဲ (က) မှ (ဆ) တို့ပါအချက်အလက်များကို အသေးစိတ်ရှင်းလင်းတင်ပြခဲ့ပြီး စားသုံးသူအသိပညာပေးအနေဖြင့် ဥပဒေ အခန်း (၁၂) ကုန်စည်နှင့်ပတ်သက်၍ အာမခံချက်ပေးထားမှုအပေါ် စားသုံးသူကတောင်းဆိုနိုင်သည့် အခွင့်အရေးနှင့် ပတ်သတ်၍ ပုဒ်မ (၂၄)ပါ ပုဒ်မခွဲ (က) မှ (ဃ)နှင့် ပုဒ်မ (၂၅)ပါ ပုဒ်မခွဲ (က) မှ (ဂ) တို့ပါ အချက်များအား အသေးစိတ်ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)