ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွှန့်မြို့နယ်ရှိ ကြက်/ဘဲဈေးတွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် နေ့စဉ်စားသုံးသူပြည်သူများထံသို့ ကြက်/ဘဲများ လက်လီလက်ကားဖြန့်ဖြူးရောင်းချပေးလျက်ရှိပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၁၄.၁၂.၂၀၂၂ ရက်နေ့ ၁၁:၃၀ နာရီအချိန်တွင် မင်္ဂလာတောင်ညွှန့်မြို့နယ်ကြက်/ဘဲဈေးသို့ ဈေးတာဝန်ခံများနှင့်အတူ ရောင်းချလျက်ရှိသော ကြက်/ဘဲဈေးနှုန်းများအား ဈေးကွက်ဈေးနှုန်း စုံစမ်းခဲ့ရာ ဈေးကွက်အတွက်လိုအပ်လျက်ရှိသော ကြက်/ဘဲများကို ပြည်နယ်/တိုင်းများမှ ဈေးသို့အရောက်ပို့စနစ်ဖြင့်လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးမြို့နယ်များရှိ ကြက်/ဘဲ မွေးမြူရေးခြံများသို့သွားရောက်၍ ခြံဖမ်းစနစ် ဖြင့်လည်းကောင်း၊ အသီးသီးရောင်းဝယ် ဖြန့်ဖြူးလျက်ရှိပြီး ပိုလျှံသော ကြက်/ဘဲများကိုလည်း လိုအပ်လျက်ရှိသော ပြည်နယ်/တိုင်းများသို့ ပြန်လည်တင်ပို့ရောင်းချလျက်ရှိပါသည်။
ထိုသို့ပြန်လည်ရောင်းချလျက်ရှိသော ကြက်/ဘဲဈေးနှုန်းများမှ အိမ်မွေးကြက် ၁ ပိဿာလျှင် (၁၂၀၀၀/၁၃၀၀၀) ကျပ်၊ အသားတိုးကြက် ၁ ပိဿာလျှင် (၅၄၀၀/၅၅၀၀) ကျပ်၊ မွေးမြူရေးထီး/မ ၁ ပိဿာလျှင် (၆၅၀၀/၈၅၀၀) ကျပ်၊ တောဘဲ/ဓါတ်ဘဲ ၁ ပိဿာလျှင် (၈၅၀၀/၉၅၀၀) ကျပ်၊ ချယ်ရီ ဘယ်ရီ ၁ ပိဿာလျှင် (၈၅၀၀/၉၀၀၀) ကျပ်ဖြင့် အသီးသီးလက်လီ/လက်ကားရောင်းချလျက်ရှိပြီး၊ တစ်နေ့လျှင် ကုန်ချိန်ပျမ်းမျှစုစုပေါင်း (၆၈၆၀၀) ပိဿာခန့်ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)