
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင်၊ မော်ကျွန်းမြို့နယ်တာဝန်ခံ ဦးမင်းဇော်လတ်နှင့် ဝန်ထမ်းများသည် မော်ကျွန်းမြို့နယ်၊ မြို့မဈေးနှင့် အောင်သာယာဈေးရှိ ကုန်မျိုးစုံရောင်းချသော ဆိုင်များသို့ (၁၁.၆.၂၀၂၆)ရက်နေ့ နေ့လယ်(၁၄း၀၀)နာရီအချိန်တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ မော်ကျွန်းမြို့နယ် တာဝန်ခံသည် ဌာနမှထုတ်ပေးထားသော စားသုံးဆီဝယ်ယူခွင့်စာအုပ်များဖြင့် ရပ်ကွက်၊ ကျေးရွာအုပ်စုများရှိပြည်သူများအား သတ်မှတ်ဆီဆိုင်များတွင် သတ်မှတ်ထားသောနှုန်းထားဖြင့် အဆင်ပြေစွာဝယ်ယူနေမှုကို ကွင်းဆင်းစစ်ဆေးခဲ့ပြီး ဆိုင်ပိုင်ရှင်များအနေဖြင့် ရောင်းချရာတွင် အလေးချိန်ပြည့်ဝမှန်ကန်စေရေး၊ သတ်မှတ်ဈေးနှုန်းထက်ပိုမိုရောင်းချခြင်းမရှိစေရေး၊ တစ်လလျှင် အိမ်ထောင်စုတစ်စုအား (၁ပိဿာ ၅၀ သား)အား သုံးကြိမ်ခွဲပြီးတစ်ကြိမ်လျှင် (၅၀)ကျပ်သားရောင်းချပေးနိုင်ရန် စားသုံးဆီဝယ်ယူရာတွင်လည်း မလိုလားအပ်သောပြသနာ တစ်စုံတစ်ရာမဖြစ်ပေါ်စေရေး အလေးထားဆောင်ရွက်ရန် လုပ်ငန်းရှင်များအနေဖြင့် အထက်ဌာနများ၏ ဥပဒေ၊ညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ကြရန်၊ စားအုန်းဆီများအား ဈေးနှုန်းမြှင့်တင် ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားရှိခြင်း များစစ်ဆေးတွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆိုင်ရှင်များအား ရှင်းလင်းဆွေးနွေးမှာကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA (ဧရာဝတီ)
