ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ် သီရိမင်္ဂလာဈေးတွင် ဒီဇင်ဘာလ ( ၇ ) ရက်နေ့မှ ဒီဇင်ဘာလ ( ၁၃ ) ရက်နေ့အထိဖြစ်ပေါ်ခဲ့သော သစ်သီးဝလံဈေးနှုန်းများမှာ ကျောက်မည်း၊ ရေတာရှည်မှ ဖရဲသီး (855) အလုံးကြီး ကျပ် ၆၀၀၀ ၊ အလုံးလတ် ကျပ် ၅၀၀၀ ၊ အလုံးသေး ကျပ် ၄၀၀၀ မှ ၃၀၀၀ ၊ တောင်ငူ၊ ဘီးလင်းမှ ဖရဲသီး (211) အလုံးကြီး ကျပ် ၃၅၀၀၊ အလုံးလတ် ကျပ် ၂၅၀၀ ၊ အလုံးသေး ကျပ် ၂၀၀၀ မှ ၁၅၀၀ ၊ မော်လမြိုင် မှ ကျွဲကောသီး (ပန်းရောင်) အလုံးကြီးကျပ် ၂၅၀၀၊ အလုံးလတ် ကျပ် ၂၀၀၀ ၊ အလုံးသေး ကျပ် ၁၀၀၀၊ တိုက်ကြီး မှ ကျွဲကောသီး (အဖြူ) အလုံးကြီး ကျပ် ၁၅၀၀၊ အလုံးလတ် ကျပ် ၁၀၀၀၊ အလုံးသေး ကျပ် ၇၀၀၊ မှော်ဘီ၊ တိုက်ကြီး မှ မာလကာသီး အလုံးကြီး ကျပ် ၅၀၀၊ အလုံးလတ် ကျပ် ၄၀၀ ၊ အလုံးသေး ကျပ် ၃၀၀ ၊ သီပေါ မှ နာနတ်သီး အလုံး ကြီး ကျပ် ၁၅၀၀ မှ ၁၃၀၀၊ အလုံးလတ် ကျပ် ၁၀၀၀ ၊ အလုံးသေး ကျပ် ၈၀၀ မှ ၅၀၀၊ တိုက်ကြီး မှ ပီလောပီနံ တစ်ပိဿာ အလုံးကြီး ကျပ် ၁၀၀၀၊ အလုံးလတ် ကျပ် ၈၀၀၊ ပုပ္ပါး မှ ဩဇာသီး အလုံးကြီး တစ်ဖာ ၃၀ လုံးပါ ကျပ် ၁၃၀၀၀၊ အလုံးလတ် ၆၀ လုံးပါ ကျပ် ၁၀၀၀၀၊ အောင်ပန်း၊ မော်လမြိုင် မှ လိမ္မော်သီး တစ်ပိဿာ အလုံးကြီး ကျပ် ၂၅၀၀၊ အလုံးလတ် ကျပ် ၁၉၀၀၊ အလုံးသေး ကျပ် ၁၃၀၀ ၊ ရေနံချောင်း မှ ဇီးသီး(အချဉ်သီး) အလုံးကြီး၈ ပြည်ပါ တစ်ခြင်း ကျပ် ၁၂၀၀၀၊ ဆင်ဖြူကျွန်း မှ ဇီးသီး (အစေ့လွတ်)အလုံးကြီး၈ ပြည်ပါ တစ်ခြင်း ကျပ် ၁၄၅၀၀ ဈေးတို့ရှိကြောင်း သီရိမင်္ဂလာဈေးရှိ မြန်မာနိုင်ငံသစ်သီးဝလံပန်းမန် ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ် လုပ်တင်ပို့ရောင်းချသူများ အသင်း (MFVP) မှသိရှိရပါသည်။
DOCA(ရန်ကုန်)