
ဆန်စပါး သိုလှောင်မှုနှင့် ပတ်သက်၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ကြီးကြပ်မှုအောက်တွင် တောင်သူ၊ ကုန်သည်၊ စက်ပိုင်၊ ဆန်ဆိုင်အားလုံး MyRo တွင် မှတ်ပုံတင်ရပြီး လစဉ်လက်ကျန်များကို တရားဝင်တင်သွင်းခြင်းလုပ်ငန်းများကိုဆောင်ရွက်ရန် စားသုံးသူရေးရာဦးစီးဌာနမှ ကြပ်မတ်ဆောင်ရွက်လျက် ရှိပါသည်။ ညောင်တုန်းမြို့နယ် တောင်သူ၊ ကုန်သည်၊ စက်ပိုင်၊ ဆန်ဆိုင် စပါး/ဆန် မြေပြင် သိုလှောင်မှုလက်ကျန် အခြေအနေများကို လစဉ် ရ၊ ထုတ်၊ ကျန် စာရင်းဖြည့်သွင်းနိုင်ရန် ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်မှ တောင်သူ၊ စက်ပိုင်၊ ကုန်သည်တို့ သိုလှောင်ထားရှိရာ လုပ်ငန်းများတွင် စပါး ဆန်လက်ကျန်စာရင်းများကို လစဉ် လဆန်း ၇ရက်နေ့တွင် myro၌ ကုန်ရ၊ ကုန်ထုတ်၊ လက်ကျန် စပါး/ဆန် ဖြည့်သွင်းရေးအခြေအနေများ ဖြည့်သွင်းဆောင်ရွက်နိုင်ရေးကို ကြပ်မတ်ဆောင်ရွက်လျက်ရှိပြီး စာရင်းကောက်ယူခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။ လိုအပ်ပါက ဒေသန္တရာအဖွဲ့အစည်းများဖြင့် မြေပြင် ကွင်ဆင်းအမှန်တကယ် သိုလှောင်မှု အခြေအနေများကို ကွင်ဆင်းခြင်းများ လုပ်ဆောင်လျက်ရှိသည်။ ညောင်တုန်းမြို့နယ် ဇွန်လ (၁၅) နေ့နောက်ဆုံး ဆန်/စပါး လက်ကျန်အခြေအနေများမှာ စပါးအနေဖြင့် တောင်သူ ၂၁၂၉၉၃၂ တင်း၊ ဆန်အနေဖြင့် ၁၉၀၀ အိတ်၊ ကုန်သည် စပါးတင်း ၂၂၉၂၀၀ တင်း၊ ဆန်အနေဖြင့် ၁၅၀၀ အိတ်၊ ဆန်စက်ပိုင်ရှင် စပါးသိုလှောင် ၁၀၀၅၆၂၃ တင်း၊ ဆန်အနေဖြင့် ၄၀၀၂၇၃ အိတ်၊ ဆန်ဆိုင်များမှ ၅၁၆၀ အိတ်၊ စုစုပေါင်း စပါးတင်း ၃၃၆၄၇၅၅ ၊ ဆန် ၄၀၈၈၃၃ အိတ် MyRo တွင် ဖြည့်သွင်းဆောင်ရွက်ရှိကြောင်းနှင့် မြို့နယ် နယ်မြေလုပ်ငန်းရှင်များမှ သိုလှောင်မှု မြေပြင်လက်ကျန်စာရင်းဖြစ်ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)
