လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် မြို့ပေါ်ရှိ ဓါတ်မြေဩဇာဆိုင်များအား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိစေရန်နှင့် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေး

Powered by Drupal

          ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်တာဝန်ခံ ဦးမြင့်ဌေးနှင့် ဝန်ထမ်းများသည်  မိတ်ဖက်ဌာနများနှင့်ပူးပေါင်း၍  (၁၈..၂၀၂)ရက်နေ့  နေ့လယ်(၁၄း၀၀)နာရီအချိန်တွင် လပွတ္တာမြို့နယ်အတွင်းရှိ ဓါတ်မြေဩဇာဆိုင်များတွင် ရောင်းချနေသော အာမို၊ ကောမတ်တံဆိပ် ဓါတ်မြေဩဇာအိတ်အတွင်း အခြားဓါတ်မြေဩဇာများ ထည့်သွင်းရောင်းချခြင်းနှင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြထားခြင်းရှိမရှိနှင့် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမရှိစေရန်  ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရပါသည်။

            ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်တာဝန်ခံမှ ဓါတ်မြေဩဇာရောင်းချနေသော ပိုင်ရှင်များအား စားသုံးသူကာကွယ်ရေး ဥပဒေ၂၀၁၉ပါ ပြဌာန်းချက်များမှ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒါဏ်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါအတိုင်း လိုက်နာဆောင်ရွက်ရန်နှင့်  စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသည့် ဥပဒေညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ကြရန် ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုရှိမရှိနှင့် သတ်မှတ်ဈေးနှုန်းထက် ပိုမိုမရောင်းချရန် ဌာနမှ ဈေးကွက်စောင့်ကြည့်စစ်ဆေးမှုများ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)