
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ အ.ထ.က (၃) ကျောင်းတွင် ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ အသိပညာပေး ဟောပြောပွဲကို ၁၉-၆-၂၀၂၆ ရက်နေ့ နံနက်ပိုင်းက အဆိုပါကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေ့ဦးစွာ မအူပင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးမှ မူးယစ်ဆေးဝါး အန္တရာယ်အကြောင်း ဟောပြောဆွေးနွေးပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးမှ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေး ဟောပြောဆွေးနွေးသည်။ ဆက်လက်၍ အားကစားနှင့် ကာယပညာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးမှ ကျန်းမာရေးအတွက် လိုအပ်သော အားကစားအကြောင်းအရာများအား ဟောပြောပြီး၊ စားသုံးသူရေးရာဦးစီးဌာနမှဦးအောင်ဇော်ဦး ဦးစီးအရာရှိက စားသုံးသူကာကွယ်ရေး စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉) ပါ ဥပဒေအကြောင်းများ၊ စားသုံးသူ၏ အခွင့်အရေး (၈) ချက်နှင့် လိုက်နာရမည့် တာဝန်(၄)ချက်၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ စားသုံးသူများကုန်စည်ကို ရွေးချယ်ဝယ်ယူတက်စေရန် ကုန်အညွှန်းအမှတ်အသားနှင့်စပ်လျဉ်း၍ ဖော်ပြပါရှိသည့် အချက်များကို သိရှိနိုင်ရန် အချက်များကိုရှင်းလင်းခြင်း၊ ကုန်စည်ဝယ်ယူရာတွင် သေချာကြည့်ရှု မှတ်သား၍ ဝယ်ယူနိုင်ရန်လည်းကောင်း၊ ကုန်စည်ဝန်ဆောင်မှုကို စားသုံးသူများမှရွေးချယ် ဝယ်ယူရာတွင် အာမခံချက်နှင့် စပ်လျဉ်း၍ စားသုံးသူက တောင်းဆိုနိုင်သည့်အခွင့်အရေး၊ စားသုံးသူအခွင့်အရေး နစ်နာဆုံးရှုံးမှုရှိလာပါက စားသုံးသူရေးရာဦးစီးဌာန၏ Consumer Call Center ဝန်ဆောင်မှုကို ဆက်သွယ်၍ Consumer Call Center နံပါတ် ၁၅၃၅ သို့ ခေါ်ဆိုတိုင်ကြားမေးမြန်းနိုင်ကြောင်း ရှင်းလင်းဟောပြောဆွေးနွေးခဲ့ပြီး ကျောင်းသား/ ကျောင်းသူများ ၃၅၃ ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
ဆက်လက်၍ ကျောင်းမုန့်ဈေးဆိုင် ၇ဆိုင်အား ကွင်းဆင်းစစ်ရေးရာတွင် ကျောင်းမုန့်ဈေး ရောင်းချသူများအနေဖြင့် ကျောင်းသား/ကျောင်းသူများ ဘေးအန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေး၊ စိတ်ကျေနပ်မှုရှိစေရေး မိမိတို့ရောင်းချနေသော ကုန်စည်များပေါ်တွင် ကုန်စည်အမျိုးအစားအလိုက် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာဖော်ပြပါရှိသည့် ကုန်စည်များကို သာရောင်းချရန်၊ သက်ဆိုင်ရာဌာနမှ ထုတ်လုပ်ခွင့်ပြုချက်ပါရှိသော ကုန်စည်နှင့် သန့်ရှင်းလတ်ဆက်သည့် ကုန်စည်များကိုသာရောင်းချရန်၊ ရောင်းချသူလုပ်ငန်းရှင်များ ကျန်းမာရေး ထောက်ခံချက်များ စစ်ဆေးဆောင်ရွက်ပြီး၊ မုန့်ဆိုင်ပတ်ဝန်ကျင်သန့်ရှင်းရေးနှင့် ကျန်းမာရေးနှင့် ညီညွှတ်သော စားသောက်ကုန်များကိုရောင်းချရန်တို့ကို အသိပညာပေး၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)
