“ကျောက်ဆည်ခရိုင်တွင်ငရုတ်(ဆောင်း)များစတင်စိုက်ပျိုး”

Powered by Drupal

          မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်သည် စိုက်ပျိုးရေးကိုအခြေခံ၍ စပါး၊ပဲ၊ပြောင်း၊ နှမ်း၊ကုလားပဲ၊ပဲတီစိမ်း၊ငရုတ်စသည့် သီးနှံမျိုးစုံစိုက်ပျိုးသည့်ဒေသဖြစ်ပါသည်။ ၄င်းသီးနှံများအနက် ငရုတ်သီးနှံကိုလည်းစိုက်ပျိုးကြပါသည်။ ငရုတ်သီးနှံ(မိုး)ကို ဧပြီလနှင့်မေလများတွင်စတင်စိုက်ပျိုးခဲ့ ပြီး ကျောက်ဆည်မြို့နယ်တွင်(၁၄၈၉)ဧက၊ စဉ့်ကိုင်မြို့နယ်တွင်(၁၆၅၉)ဧက ၊ မြစ်သားမြို့နယ်တွင် (၉၅၆၄)ဧက၊ စုစုပေါင်း(၁၂၇၁၂)ဧက စိုက်ပျိုးခဲ့ရာ စိုက်ဧကများအားလုံး ရိတ်သိမ်းပြီးဖြစ်ရာ  တစ်ဧက အထွက်နှုန်းအနေဖြင့် ငရုတ်အခြောက်(၅၀၈)ပိဿာထွက်ရှိကြောင်း၊ အထွက်စုစုပေါင်း(၆၄၅၇၆၉၆)ပိဿာ ထွက်ရှိကြောင်းသိရှိရပါသည်။

ယခုအချိန် ကျောက်ဆည်ခရိုင်တွင် ငရုတ်(ဆောင်း)များအား နိုဝင်ဘာလမှစ၍ စတင်စိုက်ပျိုးနေပြီး ဒီဇင်ဘာလဆန်းပိုင်းအထိ ကျောက်ဆည်မြို့နယ်တွင် (၅၀၂၁)ဧက၊ စဉ့်ကိုင်မြို့နယ်တွင် (၆၀၆)ဧက၊ မြစ်သားမြို့နယ်တွင်(၁၅၀၆)ဧက စုစုပေါင်း(၇၁၃၃)ဧက စိုက်ပျိုး ပြီးဖြစ်ကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းများအရသိရှိရပါသည် ။ ငရုတ်မျိုးအနေဖြင့် သာမို၊ ဒီမွန်၊ အာစတာ၊ ၆၉၂ မျိုးများကိုစိုက်ပျိုးကြပြီး တောင်သူများအနေဖြင့် ရာသီဥတုဒဏ် နှင့် ပိုးမွှားဒဏ်ခံနိုင်ပြီး အသီးများလှ၍ အထွက်နှုန်းကောင်းမွန်သော ၆၉၂ မျိုးများကို ပိုမိုစိုက်ပျိုးကြ ကြောင်း ငရုတ်သီးခြောက် စျေးနှုန်းအနေဖြင့် ငရုတ်(မိုး) ထွက်ရှိသည့်အချိန်တွင် တစ်ပိဿာလျှင် (၄၀၀၀/-)ကျပ်ဝန်းကျင်ရှိခဲ့ပြီး ယခုအချိန် ကာလပေါက်စျေးမှာ တစ်ပိဿာလျှင် (၃၈၀၀-၃၉၀၀)ကျပ် စျေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)