
ဖြေရှင်းဆောင်ရွက်မှုအခြေအနေ။ တိုင်ကြားမှုနှင့်ပတ်သက်၍ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်စိစစ်ခဲ့ရာ လုပ်ငန်းရှင်မှ စားသုံးသူကာကွယ်ရေး ဥပဒေ ပုဒ်မ-၂၁(ဆ)နှင့် ပုဒ်မ-၂၆(ခ) တို့အား ဖောက်ဖျက်ကျူးလွန်ကြောင်း တွေ့ရှိရသည့်အတွက် တိုင်ကြားခံရသည့်ဟိုတယ်အား “သတိပေးခြင်း” အမိန့်ချမှတ်ခဲ့ပြီး နောက်နောင်တွင် အလားတူ ဖြစ်စဉ်မျိုး ထပ်မံမပေါ်ပေါက်စေရေး အထူးအလေးထား လိုက်နာဆောင်ရွက်ရန်နှင့် ဦးစီးမှူးရုံးမှ ချမှတ်သည့် စီမံခန့်ခွဲရေးဆိုင်ရာအမိန့်အား Hotel ပိုင်ရှင်လက်ဝယ်သို့ ပေးအပ်ဆောင်ရွက်ခဲ့ပြီးဖြစ် ပါကြောင်းနှင့် တိုင်ကြားသူမှလည်း မန္တလေးတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ သတိပေးခြင်း အမိန့်ချ မှတ်ခဲ့မှုအပေါ် ကျေနပ်မှုရှိပါသည်။ တိုင်ကြားမှုအပေါ် ဆောင်ရွက်မှုအခြေအနေအား မန္တလေးတိုင်း ဒေသကြီး စားသုံးသူရေးရာကော်မတီသို့ တင်ပြခဲ့ရာ သတိပေးမိန့်ချမှတ်ခဲ့မှုအား ဟိုတယ်နှင့်ခရီး သွားလာရေးညွှန်ကြားမှုဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးသို့ အကြောင်းကြားစာပေးပို့ သွားရန် ဆုံးဖြတ်ခဲ့ပါသဖြင့် စားသုံးသူကာကွယ်ရေးဥပဒေ ပုဒ်မ-၅၂(က)အရ သတိပေးခြင်းအမိန့် ချမှတ်ခဲ့ပြီးဖြစ်ပါကြောင်း သိရှိနိုင်ပါရန်နှင့် ဟိုတယ်နှင့် ခရီးသွားလာရေးညွှန်ကြားမှုဦးစီးဌာန အနေ ဖြင့် လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်နိုင်ရေး အကြောင်းကြားစာပေးပို့ခဲ့ပြီး ဖြစ် ပါသဖြင့် တိုင်ကြားမှုအား ပိတ်သိမ်းဆောင်ရွက်ခဲ့ပါသည်။
