အာမခံလျော်ကြေးနှင့်ပတ်သက်၍ တိုင်ကြားလာမှုအပေါ် ဖြေရှင်းပေးမှုအခြေအနေ

Powered by Drupal

       ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်နေ တိုင်ကြားသူတစ်ဦးသည် အာမခံကုမ္ပဏီတစ်ခုမှ ယာဉ်တိုက်မှု အာမခံလျော်ကြေး တောင်းခံရာ အဆင်ပြေမှု မရှိသောကြောင့် စားသုံးသူရေးရာ ဦးစီးဌာန၏ Website Complaint System မှတစ်ဆင့် တိုင်ကြားလာပါသည်။

ဖြေရှင်းဆောင်ရွက်မှုအခြေအနေ။    တိုင်ကြားမှုနှင့်ပတ်သက်၍ ဌာနမှတာဝန်ရှိသူများသည် တိုင် ကြားသူပေးပို့လာသည့် တိုင်ကြားစာပါ အချက်အလက်များအား စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက် ခဲ့ပြီး တိုင်ကြားသူထံ ဆက်သွယ်မေးမြန်းချက်များအရ တိုင်ကြားစာပါ ယာဉ်တိုက်မှုဖြစ်ပွားသည့် ကားသည် တိုင်ကြားသူ၏ ကိုယ်ပိုင်ကားမဟုတ်ဘဲ လုပ်ငန်းအတွက်သုံးစွဲရန် ကုမ္ပဏီကထုတ်ပေး ထားသောကားဖြစ်နေသည့်အတွက် စားသုံးသူကာကွယ်ရေးဥပဒေပါ “စားသုံးသူဆိုသည်မှာ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ကုန်သွယ်ရောင်းဝယ်မှုပြုရန် သို့မဟုတ် အသက်မွေးဝမ်းကျောင်းပြုရန် မဟုတ်ဘဲ ကိုယ်တိုင် သုံးစွဲမှုအတွက်သော်လည်းကောင်း၊ အခြားသူအတွက်သော်လည်းကောင်း ရည်ရွယ်၍ ဝယ်ယူခြင်း၊ အသုံးပြုခြင်း၊ ရယူခြင်း၊ ကုန်စည်ချေးငှားခြင်းပြုလုပ်သူများ သို့မဟုတ် ပေးကမ်း ထောက်ပံ့ခြင်းခံရသူများကိုဆိုသည်။” ဟူသော အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့် ကိုက်ညီမှုမရှိသော ကြောင့် စားသုံးသူကာကွယ်ရေးဥပဒေအရ ဖြေရှင်းဆောင်ရွက်ပေး၍ မရပါကြောင်းနှင့် မြန်မာ့ အာမခံလုပ်ငန်း၊ ရန်ကုန်သို့ ညှိနှိုင်းမေးမြန်းချက်အရ အတွင်းရေးမှူး၊ အာမခံလုပ်ငန်းကြီးကြပ် ရေးအဖွဲ့၊ နေပြည်တော်နှင့် တိုင်းဒေသကြီးဦးစီးမှူး၊ ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေး ဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးသို့ ဆက်လက်တင်ပြသွားနိုင်ရေး တိုင်ကြားသူထံ အကြောင်းပြန်ကြား လက်ခံ ပြီးဖြစ်သောကြောင့် တိုင်ကြားမှုအား ၅-၅-၂၀၂၆ ရက်နေ့တွင် ပိတ်သိမ်းဆောင်ရွက်ခဲ့ပါသည်။