
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်အတွင်းရှိ မိဘပြည်သူများ စားသုံးဆီဖူလုံမှုရှိစေရန်နှင့် သင့်တင့်မျှတသော ဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရန်အတွက် မြို့နယ်အတွင်းရှိ စားအုန်းဆီလက်လီအရောင်းဆိုင် ကိုယ်စားလှယ်များမှ စားသုံးသူပြည်သူများထံသို့ စားအုန်းဆီများ ဖြန့်ဖြူးရောင်းချပေးနေမှုကို တာဝန်ရှိသူများက ကွင်းဆင်းကြီးကြပ် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းသည် ကန့်ဘလူမြို့ပေါ်ရှိ စားအုန်းဆီ ကိုယ်စားလှယ်အရောင်းဆိုင်များသို့ သွားရောက်ကာ စားသုံးသူမိဘပြည်သူများ လက်ဝယ်သို့ ဆီအမှန်တကယ်ရောက်ရှိစေရန်အတွက် အိမ်ထောင်စု တစ်စုလျှင် စားအုန်းဆီ ၁ ပိဿာနှုန်းဖြင့် စနစ်တကျခွဲတမ်းချ ရောင်းချပေးနေမှုရှိ/ မရှိ၊ စားသုံးသူရေးရာဦးစီးဌာနမှ အပတ်စဉ် ထုတ်ပြန်ပေးလျက်ရှိသော ရည်ညွှန်းဈေးနှုန်းများအတိုင်း ရောင်းချခြင်းရှိ/ မရှိနှင့် မိမိသဘောဖြင့် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ မတရားသဖြင့် ဈေးကစားခြင်းများရှိ/ မရှိ၊ ပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းသော ဆီများကို သုံးစွဲနိုင်ရန် စားအုန်းဆီ အရည်အသွေး မှန်ကန်မှု ရှိ/ မရှိနှင့် ဝယ်ယူသူများ နစ်နာမှုမရှိစေရန် အလေးချိန် ပြည့်ဝမှန်ကန်မှု ရှိ/ မရှိ၊ စားအုန်းဆီကိုယ်စားလှယ်များအနေဖြင့် သတ်မှတ်ရည်ညွှန်းဈေးထက် ပိုမိုမြှင့်တင်ရောင်းချခြင်း၊ သိုလှောင်သိမ်းဆည်းပြီး ဈေးကစားခြင်းများပြုလုပ်ပါက စားသုံးသူကာကွယ်ရေးဥပဒေနှင့် အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်သည်။"
ယခုကဲ့သို့ ကွင်းဆင်းကြီးကြပ်ခြင်းကြောင့် ကန့်ဘလူမြို့နယ်အတွင်းရှိ စားသုံးသူပြည်သူများသည် စားအုန်းဆီများကို သတ်မှတ်ဈေးနှုန်း၊ အလေးချိန်မှန်ကန်စွာဖြင့် စိတ်အေးချမ်းသာစွာ ဝယ်ယူရရှိလျက်ရှိကြောင်းနှင့် ဆီလာရောက်ဝယ်ယူသူ စားသုံးသူပြည်သူများကိုလည်း စားသုံးသူအခွင့်အရေးနှင့် တာဝန်များအကြောင်း၊ နစ်နာဆုံးရှုံးမှုရှိပါက Consumer Call Center 1535 သို့ ဆက်သွယ်တိုင်ကြားနိုင်ကြောင်းတို့ကိုပါ တစ်ပါတည်း အသိပညာပေး ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
DOCA(စစ်ကိုင်း)
