မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်သည် ကြက်သွန်နီ စိုက်ပျိုးထွက်ရှိရာဒေသ၊ တင်ပို့ရောင်းချ ရာဒေသတစ်ခုဖြစ်ပါသည်။မြင်းခြံမြို့နယ်ရှိ ဆင်ချောင်း၊ တလုပ်၊ တောပု၊ မီးလောင်ကျွန်း၊ နွားမော့၊ ကံဆင့် စသည့်ကျေးရွာများသည် ကြက်သွန်နီကို စီးပွားဖြစ်အများဆုံးစိုက်ပျိုးထွက်ရှိရာ ကျေးရွာ များဖြစ်ပါသည်။မိုးကြက်သွန်နီကို ဩဂုတ်လနှင့်စက်တင်ဘာလတို့မှာ စတင်စိုက်ပျိုးကြပြီး၊ နိုဝင် ဘာလနှင့် ဒီဇင်ဘာလတို့တွင်ရိတ်သိမ်းလေ့ရှိရာ ယခုဈေးကွက်သို့ဝင်ရောက်မှုအနေဖြင့် နိုဝင်ဘာလ ပထမပတ်မှစ၍ ဝင်ရောက်လျက်ရှိကြောင်းသိရှိရပါသည်။
မြင်းခြံခရိုင်အနေဖြင့် ယခင်နှစ်မိုးကြက်သွန်စိုက်ပျိုးမှုမှာ(၁၄၃၆)ဧက စိုက်ပျိုးခဲ့ရာ၊ စိုက်ဧက အားလုံးရိတ်သိမ်းနိုင်ခဲ့ပြီး တစ်ဧကပျှမ်းမျှအထွက်နှုန်းမှာ(၂၀၁၀)ပိဿာခန့်ဖြင့် ပိဿာချိန်စုစု ပေါင်း(၂၈၈၇၃၂၄)ပိဿာ ထွက်ရှိခဲ့ကြောင်းသိရှိရပါသည်။ယခုနှစ်မိုးကြက်သွန်နီအား (၁၆၃၃) ဧက စိုက်ပျိုးခဲ့ရာ ယခင်နှစ်ထက်(၁၉၇)ဧကခန့် ပိုမိုစိုက်ပျိုးနိုင်ခဲ့ပြီး ရာသီဥတုကောင်းမွန်မှုအရ စိုက်ဧက အားလုံးရိတ်သိမ်းနိုင်မည်ဖြစ်ကြောင်းသိရပါသည်။ယခုနှစ် တစ်ဧကပျှမ်းမျှအထွက်နှုန်းမှာ (၂၁၀၀) ပိဿာနှုန်းထွက်ရှိကြောင်း၊ ဈေးကွက်အတွင်းနေ့စဉ်ဝင်ရောက်မှုပိဿာ(၂၀၀၀၀) ကျော် ဝင်ရောက်မှုရှိကြောင်း သိရှိရပါသည်။
ကြက်သွန်နီများ မြင်းခြံဈေးကွက်သို့ နိုဝင်ဘာလ ပထမပတ်မှစ၍ ဝင်ရောက်လျက်ရှိရာ ဈေး နှုန်းအနေဖြင့် တစ်ပိဿာလျှင်(၁၀၀၀-၂၅၀၀)ကျပ်ခန့်ဖြင့်အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခင်အပတ် အတွင်းတစ်ပိဿာလျှင်(၁၅၀၀)ကျပ်မှ (၃၂၀၀)ကျပ်ထိ အရွယ်အစားအလိုက်ဈေးများအသီးသီးရှိခဲ့ ကြောင်း၊ ကြက်သွန်နီဝင်ရောက်မှုကုန်ချိန်အနေဖြင့် ယခင်အပတ်အတွင်းတစ်ရက်ကို ပိဿာချိန် ပေါင်း(၃၀၀၀၀)ခန့် နေ့စဉ်ဝင်ရောက်ခဲ့ကြောင်း၊ ယခုတစ်ပတ်တွင် တစ်ပိဿာလျှင်(၁၅၀၀)ကျပ်မှ (၃၃၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ပေါ်လျက်ရှိပြီး ကုန်ချိန်ဝင်ရောက်မှုအနေဖြင့် တစ်ရက်လျှင် ပိဿာချိန် (၅၀၀၀၀)ခန့် နေ့စဉ်ဝင်ရောက်မှုရှိကြောင်း သိရပါသည်။တင်ပို့မှုများအနေဖြင့် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ မော်လမြိုင်နှင့် မြဝတီမြို့ကြီးများသို့ အများဆုံးတင်ပို့ရောင်းချလျက်ရှိပါ သည်။သယ်ယူပို့ဆောင်ခ ဈေးနှုန်းများအနေဖြင့် မြင်းခြံ-ရန်ကုန် (၁၂ ဘီးကား) ၁၁၀ ကျပ်၊ (တွဲကား)၁၀၀ ကျပ်၊မြင်းခြံ -မော်လမြိုင်(၁၁၀၊၁၂၀)ကျပ်၊ မြင်းခြံ-မြဝတီ(၁၃၀၊၁၄၀)ကျပ်၊ မြင်းခြံ-နေပြည်တော်(၉၀၊၁၀၀)ကျပ်များရှိကြောင်း မြင်းခြံကုန်စည်ဒိုင်အသင်းမှ ကြက်သွန်နီကုန်သည်တစ် ဦး၏ပြောကြားမှုအရ သိရှိရပါသည်။
DOCA(မန္တလေး)