
စားသုံးသူရေးရာဦးစီးဌာန၊မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ် စားသုံးဆီဖြန့်ဖြူးကြီးကြပ် ရေးအဖွဲ့သည် (၁၉.၆.၂၀၂၆)ရက်နေ့ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် အင်္ဂပူမြို့နယ် ရှမ်းခေါင်းဗြဲကျေးရွာအုပ်စုအတွင်းရှိ အိမ်ထောင်စု (၄၀၀)အား စားအုန်းဆီဝယ်ယူခွင့်စာအုပ်ဖြင့် ဆီဝယ်ယူရာတွင် တစ်လရရှိမှု အကြိမ်ရေ၊ ဈေးနှုန်း၊ အလေးချိန်အပြည့်အဝရရှိမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းရာတွင် မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်အတွင်း ခွဲတမ်းရ စားသုံးဆီ ကုန်စုံဆိုင်လုပ်ငန်းရှင်များအနေဖြင့် စားအုန်းဆီရောင်းချရာတွင် ရပ်ကွက်၊ကျေးရွာနေပြည်သူများအား နှံ့နှံ့စပ်စပ်ရောင်းချပေးရန်၊ ဆီရောင်းချရာတွင်လည်း Daily စာရင်းများပြုစုထားရှိပြီး သတ်မှတ်ရည်ညွှန်းဈေးထက်မပိုပဲ မှန်မှန်ကန်ကန်ရောင်းချရန်၊ ဆိုင်များတွင် သတ်မှတ်ရည်ညွှန်းဈေး ရေးသားထားသည့် ဗွီနိုင်းများကို ချိတ်ဆွဲထား၍ရောင်းချရန် စိစစ်ခဲ့ပြီး၊ စားသုံးဆီလက်လီ/ လက္ကားဖြန့်ဖြူး ရောင်းချရာတွင် သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့်သာ ရောင်းချလျက်ရှိပြီး အင်္ဂပူမြို့နယ် ရှမ်းခေါင်းဗြဲကျေးရွာအုပ်စုအတွင်းရှိ အိမ်ထောင်စု(၄၀၀)အား စားအုန်းဆီ ပိဿာ(၂၀၀) သတ်မှတ်ရည်ညွှန်းစျေး ဖြင့်ရောင်းချမှုအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA (ဧရာဝတီ)
