
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်ရှိ ဒေသတွင်း စားသောက်ကုန် လုပ်ငန်းရှင်များအား MSMEs လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ စားသုံးသူရေးရာဦးစီးဌာန၊ ကြံခင်းမြို့နယ်တာဝန်ခံသည် (၁၉.၆.၂၀၂၆)ရက်နေ့ နေ့လယ် (၁၂:၃၀) နာရီအချိန်တွင် ကြံခင်းမြို့၊ မင်းသိရီ-၂ရပ်ကွက်၊ မြို့ဦးခန်းမတွင် လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်၊ သတ်မှတ်ထားသော စံချိန်စံညွှန်း ပြည့်မီအောင်ထုတ်လုပ်နိုင်ရေးနှင့် ကုန်အညွှန်းအမှတ် အသား ပြည့်စုံစွာဖော်ပြနိုင်ရေး အသိပညာပေးခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆွေးနွေးရာတွင် ဈေးကွက်အတွင်း ရောင်းချနေသော ကုန်စည်များ ဝယ်ယူစားသုံးသူ မိဘပြည်သူများအား ဘေးအန္တရာယ်မဖြစ်စေရန် ကုန်စည်များပေါ်တွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို စားသုံးသူကာကွယ်ရေး ဥပဒေပါ အခန်း(၁၈)တွင် ဖော်ပြထားသော ပုဒ်မ ၄၁၊ ပုဒ်မခွဲ(ခ)နှင့်(ဆ)တို့ပါ မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု(သို့) တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေရေးသား ဖော်ပြရမည်ဖြစ်ကြောင်း၊ လုပ်ငန်းလုပ်ကိုင်ရာတွင် တစ်ကိုယ်ရည်သန့်ရှင်းရေးနှင့် ပတ်ဝန်းကျင် သန့်ရှင်းစေရေးတို့ကို အလေးထားဆောင်ရွက်ပေးစေလိုကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအကြောင်း၊ တားမြစ်ချက်များအကြောင်းနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်း စသည်တို့ကို အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
DOCA (ဧရာဝတီ)
