မအူပင် ဆန်စပါးဈေးကွက် အရောင်းအဝယ်သွက်

Powered by Drupal

          ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်သည် ကျေးရွာအုပ်စု (၇၆) အုပ်စု ရှိပြီး မြို့နယ် မိုးစပါးစိုက်ဧက (၁၄၁၁၉၂) ဧက ရှိပြီး (၁၂.၁၂.၂၀၂၂) နေ့တွင် မိုးစပါးအားလုံး ရိတ်သိမ်းချွေလှေ့ ပြီးစီးခဲ့ပြီးဖြစ်ပါသည်။

     သို့ဖြစ်ပါ၍ မိုးစပါးရိတ်သိမ်းပြီးစီးအခြေအနေတွင် ဒေသပေါက်ဈေး ဧည့်မထ စပါးတင်း (၁၀၀)လျှင် (၁၂၅၀၀၀၀/-) စာဖြင့် တစ်ဆယ်နှစ်သိန်းငါးသောင်းဖြင့် အရောင်းအဝယ် တွင်ကျယ်လျက်ရှိသဖြင့် တောင်သူများတွက်ခြေကိုက်သဖြင့် အရောင်းအဝယ်တွင်ကျယ်လျက်ရှိပါသည်။

        မအူပင်ခရိုင်၊မအူပင်မြို့နယ် ဆန်ဈေးကွက်အခြေအနေမှာ ပေါ်ဆန်းတောင်ပျံတစ်အိပ်လျှင် (၆၀၀၀၀/-)ကျပ်၊ (၆၃၀၀၀)ကျပ် ဈေးရှိပြီး၊ မအူပင်မြို့၏ ဈေးကွက်ရောင်းအားရရှိသည့်အပြင် ကျေးရွာများမှလည်း ဝယ်လိုအားရှိသဖြင့် ဈေးကွက်ရရှိပြီး ဖြစ်ပါသည်။

          ဧည့်မထအမျိုးအစားဖြစ်သော မနောသု၊ ဆင်းသုခနှင့် နှံကားဆန်များမှာ မိုးစပါး ဆန်တစ်အိတ် လျှင် (၄၈၈၈၈)ကျပ်နှင့် (၄၈၅၀၀)ကျပ်ဈေးရှိနေပြီး မအူပင်ဈေးကွက်တွင် အရောင်းအဝယ် တွင်ကျယ်လျက်ရှိပါသည်။

          စပါးသစ်များမှာ ညောင်တုန်းမြို့နယ်၊ ကျိုက်လတ်မြို့နယ်များမှ စပါးဝယ်လိုအားများ ရရှိနေပြီး ဆန်သစ်တစ်အိတ်လျှင် (၄၄၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်အနည်းငယ်သာရှိကြောင်း KKK ဆန်ရောင်းဝယ်ရေးမှ ဦးကျော်ကျော်လင်း၏ ပြောပြချက်အရ သိရှိရပါသည်။

       စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးဇော်မင်း၊ ဒု-ခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦးနှင့် ဝန်ထမ်းများသည် ဒေသတွင်း စပါးရောင်းဝယ်ဖောက်ကားမှုအခြေအနေ မျိုးကောင်း၊ မျိုးသန့် စိုက်ပျိုးနိုင်မှု အခြေအနေ၊ ဆန်စပါးဈေးကွက်အလားအလာများကို ယခုတစ်ပတ်အတွင်း ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)