ကျိုင်းတုံမြို့ရှိ အခြေခံစားသောက်ကုန်များ၏ ဈေးနှုန်းအခြေအနေ

Powered by Drupal

        ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့တွင် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ဒုတိယပတ်အတွင်း အခြေခံစားသောက်ကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်းမွှေး(သိင်္ဂီ) တစ်ပြည်လျှင် ၄၅၀၀ကျပ်၊ ဧည့်မထဆန် တစ်ပြည်လျှင် ၂၅၀၀ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိပါသည်။ စားဖိုဆောင်စားသောက်ကုန်များအနေဖြင့် ကြက်သွန်နီ တစ်ပိဿာလျှင် ၄၀၀၀ကျပ်၊ ကြက်သွန်ဖြူ(ကြူကုတ်) တစ်ပိဿာလျှင် ၅၀၀၀ကျပ်၊ (ရှမ်းစ)တစ်ပိဿာလျှင် ၅၀၀၀ကျပ်၊ ငရုတ်သီးခြောက် (ရှည်)တစ်ပိဿာလျှင် ၂၀၀၀၀ကျပ်၊ ခရမ်းချဉ်သီး တစ်ပိဿာလျှင် ၂၃၀၀ကျပ်၊ အာလူး တစ်ပိဿာလျှင် ၃၀၀၀ကျပ်၊ မန်ကျည်းသီးမှည့် တစ်ပိဿာလျှင် ၃၃၀၀ကျပ်၊ ချင်း တစ်ပိဿာလျှင် ၂၀၀၀ကျပ် စသဖြင့် ရောင်းဝယ်လျက်ရှိပါသည်။

        ကျိုင်းတုံမြို့တွင် ဒီဇင်ဘာလ ဒုတိယပတ်၌ စားသုံးဆီဈေးနှုန်းများအနေဖြင့် စားအုန်းဆီ တစ်ပိဿာလျှင် ၆၅၀၀ကျပ်နှင့် ပဲဆီ(ရိုးရိုး) တစ်ပိဿာလျှင် ၁၆၀၀၀ကျပ်၊ ကြက်ဥဈေးမှာ တစ်လုံးလျှင်၂၃၀ကျပ်နှင့် ဘဲဥ တစ်လုံးလျှင် ၃၀၀ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိပါသည်။ အသား/ငါးဈေးနှုန်းများမှာ ကြက်သား(CP) တစ်ပိဿာလျှင် ၁၀၀၀၀ကျပ်၊ ဝက်သား တစ်ပိဿာလျှင် ၂၀၀၀၀ကျပ်၊ အမဲသား တစ်ပိဿာလျှင် ၂၂၀၀၀ကျပ်၊  ငါးကြင်း တစ်ပိဿာလျှင် ၉၀၀၀ကျပ်၊ ငါးမြစ်ချင်း တစ်ပိဿာလျှင် ၈၅၀၀ကျပ် ဈေးနှုန်းများဖြင့် ရောင်းဝယ်လျက်ရှိကြောင်း သိရှိရပါသည်။

    ကျိုင်းတုံမြို့ရှိ အခြေခံစားသောက်ကုန်ဈေးနှုန်းများသည် ယခင်နိုဝင်ဘာလ ဒုတိယပတ်နှင့် နှိုင်းယှဉ်ပါက ဧည့်မထဆန်၊ ပဲဆီ(ရိုးရိုး)၊ ငါးကြင်းနှင့် ငါးမြစ်ချင်းတို့မှာ ဈေးနှုန်းအနည်းငယ်မြင့်တက်လာပြီး ကြက်သွန်နီ၊ ကြက်သွန်ဖြူ(ကြူကုတ်)၊ ကြက်သွန်ဖြူ(ရှမ်းစ)၊ ခရမ်းချဉ်သီး၊ မန်ကျည်းသီးမှည့်၊ ချင်းနှင့် စားအုန်းဆီတို့မှာ ဈေးနှုန်းအနည်းငယ်ကျဆင်း၍ ကျန်အခြေခံစားသောက်ကုန်ဈေးနှုန်းများမှာ တည်ငြိမ်လျက်ရှိပါသည်။

DOCA(ရှမ်း)