
ဒေးဒရဲမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် (၃၀.၆.၂၀၂၆)ရက်နေ့၊ မွန်းလွဲ(၁၄:၀၀)နာရီအချိန်တွင် ဒေးဒရဲမြို့နယ်၊ အကယ်ချောင်း၀ကျေးရွာရှိ “ဇမ္ဗူထွန်း” ဆန်စက်သို့ MSMEs ဖွံ့ဖြိုးတိုးတက်ရေးကွင်းဆင်းစိစစ်ခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါကွင်းစိစစ်ရာတွင် ဆန်/စပါးဈေးနှုန်း အခြေအနေများ၊ လက်ရှိစပါးဈေးနှုန်း အခြေအနေများ၊ ဆန်စက်တွင်အသုံးပြုသော စပါးအခြောက်ခံ စက်အခြေအနေများကို မေးမြန်းဆွေးနွေးခြင်း၊ အသင်းအဖွဲ့များရှင်သန်နိုင်ရေး စုပေါင်းဆောင်ရွက် ရန်လိုအပ်ကြောင်း၊ ဒေသတွင် ဈေးနှုန်းဈေးကွက်အခြေအနေများကို အသင်းအဖွဲ့မှ ကြပ်မတ်ဆောင်ရွက်ပြီး မြေပြင်အခြေအနေမှန်များကို သုံးသပ်၍ စိစစ်ဆောင်ရွက်နိုင်ရန် လိုအပ်ကြောင်းကိုလည်းကောင်း၊ Gasifier လည်ပတ်မှု နည်းစနစ်မှန်ကန်စေရေး၊ ဆန်စက်မှ ရ၊ထုတ်၊ကျန် စပါး/ဆန်စာရင်းများကိုလည်း စာရင်းပြုစုထားရှိရန် ကွင်းဆင်းစစ်ဆေးရေးအဖွဲ့မှ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်သည့်အခါ အဆင်ပြေလွယ်ကူစွာ တင်ပြဆွေးနွေးနိုင်ကြောင်းကို အသေးစိတ်ရှင်းလင်း ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)
