
ဒေသတွင်းထုတ်လုပ်သော စားသောက်ကုန်များအား ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုရှိ/မရှိ စစ်ဆေးခြင်းကို စားသုံးသူရေးရာဦးစီးဌာန မှ မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ ကျန်းမာရေးဌာနတို့ ပူးပေါင်း၍ ဈေးကွက်အတွင်းရှိ စားသောက်ကုန်များနှင့် ဒေသထွက် MSME ထုတ်ကုန်များကို ကွင်းဆင်းစစ်ဆေးလျက်ရှိပါသည်။
ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ဓနုဖြူမြို့နယ်မှ ပြည်စုံအောင်ပဲမုန့်လုပ်ငန်းနှင့် ဆန်းမင်းသစ် ပဲကြက်ခေါက်လုပ်ငန်း ၂ခုတွင် ထုတ်လုပ်သောမုန့်များကို ဈေးကွက်ဖြန့်ဖြူး ရောင်းချရတွင် စားသုံးသူဘေးအန္တရာယ် ကင်းရှင်းစွားအသုံးနိုင်စေရန် ကုန်အညွှန်းအမှတ် အသားပြည့်စုံမှု ရှိ/မရှိ၊ ကုန်စည်တွင် ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးရက်စွဲ ဖော်ပြထားခြင်း ရှိ/မရှိ၊ ပါဝင်ပစ္စည်းများနှင့် အသားတင်ပမာဏ ဖော်ပြထားမှုအခြေအနေ၊ မြန်မာဘာသာဖြင့်ဖော်ပြရမည့်ညွှန်ကြားချက်များ ကိုလည်းကောင်း၊ စားသုံးသူ ဘေးကင်းလုံခြုံရေးအတွက် လိုအပ်သောပြုပြင်မှုများ လုပ်ဆောင်ရန် ညွှန်ကြားခြင်းများကို ရှင်းလင်းအသိပညာပေးခဲ့ပြီး ကုန်ထုတ်လုပ်ငန်း၏ ထုတ်လုပ်မှုအဆင့်ဆင့်ကို လေ့လာကြည်စစ်ဆေးခဲ့ပြီး စီးပွားရေးလုပ်ငန်းရှင် လိုက်နာရမည့်တာဝန်များအကြောင်းကို ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)
