ရွှေဘိုခရိုင်အတွင်း စပါး/ဆန် ဈေးနှုန်းများနှင့် စီးထွက်မှုအခြေအနေ

Powered by Drupal

         ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ်များ၌ ဒီဇင်ဘာလ ‌ဒုတိယပတ်တွင် စပါး /ဆန် ဈေးနှုန်းမှာ အနည်းငယ် မြင့်တက်ခဲ့ပါသည်။ ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ဒီဇင်ဘာလ ပထမပတ်တွင် ရန်ကုန်သို့ အိတ်ရေ ၃၂၀၀၀ ၊ မန္တလေးသို့ အိတ်ရေ၄၃၆၀၀၊ နေပြည်တော်သို့ အိတ်ရေ ၁၀၀၀၀၊ ရှမ်း(တောင်)သို့ အိတ်ရေ ၉၅၀၀၊ ရှမ်း(မြောက်)သို့ အိတ်ရေ ၉၅၀၀၊ ပခုက္ကူသို့ အိတ်ရေ ၁၀၀၀၊ စုစုပေါင်းအိတ်ရေ ၁၀၅၆၀၀၊ တန်အားဖြင့် ၅၂၈၀တန် စီးထွက်ခဲ့ပါသည်။ယခုအပတ်တွင် ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၃၂၀၀၀၊ မန္တလေးသို့ အိတ်ရေ ၄၅၆၀၀၊ နေပြည်တော်သို့ အိတ်ရေ၉၅၀၀ ၊ ရှမ်း(တောင်)သို့ အိတ်ရေ၉၀၀၀ ၊ ရှမ်း(မြောက်)သို့ အိတ်ရေ ၉၀၀၀၊ပခုက္ကူသို့ အိတ်ရေ ၁၀၀၀ ၊ စုစုပေါင်းအိတ်ရေ ၁၀၆၁၀၀ ၊ တန်အားဖြင့် ၅၃၀၅တန် စီးထွက်ခဲ့သည့်အတွက် ယခင်အပတ်နှင့် နှိုင်းယှဉ်ပါက ယခုအပတ်အတွင်း အိတ်ရေ ၅၀၀၊ တန်အားဖြင့် ၂၅တန် ပို၍ စီးထွက်ခဲ့ပါသည်။

      ရွှေဘိုမြို့၏ ဒီဇင်ဘာလ ဒုတိယပတ်တွင် ဖြစ်ပေါ်နေသော စပါး/ဆန်  ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်းစပါး တင်း၁၀၀လျှင် ကျပ်၂၆၀၀၀၀၀၊ ရွှေဘိုပေါ်ဆန်း ဆန်၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၈၈၀၀၀၊ ဧရာမင်းစပါး တင်း၁၀၀လျှင် ကျပ်၁၄၅၀၀၀၀၊ ဧရာမင်းဆန် ၂၄ပြည်ပါတစ်အိတ်လျှင် ကျပ် ၆၅၀၀၀၊ ၂၀၂၁-၂၀၂၂ခုနှစ်ထွက် နွေစပါး ရွှေဝါထွန်းစပါး တင်း၁၀၀လျှင် ကျပ် ၁၁၀၀၀၀၀၊ ‌ရွှေဝါထွန်းဆန် ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ် ၄၃၀၀၀ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)