
မြင်းခြံခရိုင်၊ မြင်းခြံကုန်စည်ဒိုင် (MDCCI) ၌ဇွန်လ နောက်ဆုံးပတ်အတွင်း ဆီထွက်သီးနှံမျိုးစုံ ဝင်ရောက်လျက်ရှိပြီး အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရသည်။ ပဲမျိုးစုံနှင့် ဆီထွက် သီးနှံများကို နွားထိုးကြီးမြို့၊ တောင်သာမြို့နှင့် မြင်းခြံမြို့နယ်အတွင်းရှိ ကျေးရွာများမှအများ ဆုံးစိုက်ပျိုး၍ ထိုကျေးရွာများမှ တောင်သူများကိုယ်တိုင် မြင်းခြံမြို့ရှိပွဲရုံများသို့ လာရောက်ရောင်း ချကြကြောင်း၊ ၂၀၂၆ခုနှစ်၊ ဇွန်လ နောက်ဆုံးပတ်၌ မြေပဲS1လုံးဆံတစ်တင်းလျှင် (၁၆၉၂၀၀-၁၇၀၇၀၀)ကျပ်၊ မြေပဲဆံပြန့်လုံးဆံ တစ်တင်းလျှင် (၁၆၉၀၀၀-၁၇၀၅၀၀)ကျပ်၊ နှမ်းဖြူအသစ် တစ်တင်းလျှင် (၁၀၅၀၀၀-၁၀၆၅၀၀)ကျပ်၊ နှမ်းညို(ဟောင်း)တစ်တင်း လျှင်(၁၀၄၅၀၀-၁၀၆၀၀၀) ကျပ်၊ ဆီနေကြာသီးနှံ တစ်ပိဿာ(၈၁၅၀)ကျပ် ပေါက်ဈေးများဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ ယခင်တစ်ပတ်နှင့် နှိုင်းယှဉ် ပါက ယတစ်ပတ်တွင် မြေပဲဆံတစ်တင်းလျှင် ကျပ်(၃၀၀၀)ကျပ်၊ နှမ်းတစ်တင်းလျှင် (၂၅၀၀-၃၀၀၀) ကျပ်၊ ဆီနေကြာသီးနှံတစ်ပိဿာလျှင် (၁၅၀)ကျပ်ခန့် ဈေးနှုန်းများ မြင့်တက်ခဲ့ကြောင်း၊ ဈေးကွက်သို့ ဆီထွက်သီးနှံများ ပုံမှန်ဝင်ရောက်လျက်ရှိပြီး ကုန်များဝင်သလောက်အရောင်း အဝယ်ဖြစ်ခဲ့ကြောင်း၊ ပွဲရုံများသို့နေ့စဉ်အိတ်ရေ (၂၀၀-၃၀၀) အိတ်ခန့်အရောင်း အဝယ်ဖြစ်ကြောင်း၊ မြင်းခြံဈေးကွက်သို့ ဝင်ရောက်လာသည့် ဆီထွက်သီးနှံများကို မကွေးမြို့၊ မန္တလေးမြို့နှင့် ရန်ကုန်မြို့ရှိဘုရင့်နောင်ဈေးကွက် သို့ တင်ပို့လျက်ရှိကြောင်း ပွဲရုံလုပ်ငန်း လုပ်ကိုင်သူများထံမှသိရှိရသည်။
DOCA(မန္တလေး)
